Pages

Tuesday, July 16, 2013

ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် ဟိုတယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းအား နိုင်ငံတော်သမ္မတကြီး သွားရောက် လေ့လာ




ဗြိတိန်နိုင်ငံရောက် နိုင်ငံတော်သမ္မတကြီးသည် ဇူလိုင်လ ၁၅ ရက်နေ့တွင်
မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့စဉ် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း
တည်းခိုခဲ့သည့် ဟိုတယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းအား
သွားရောက် လေ့လာခဲ့သည်။

အဆိုပါလေ့လာရေးအစီအစဉ်မှာ နိုင်ငံတော်သမ္မတကြီး၏ ကြိုတင်မေတ္တာရပ်ခံချက်အရ အိမ်ရှင်ဗြိတိန် အစိုးရက  စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ဟိုတယ်အား ပြန်လည်ပြုပြင် မွမ်းမံ ထားခြင်းများကြောင့် အခန်းဖွဲ့ စည်းပုံ၊ အပြင်အဆင်၊ အထားအသို အနေအထား စသည်တို့မှာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုနေ ထိုင်စဉ် ကအတိုင်း မရှိတော့ပေမယ့်လည်း ဟိုတယ်မှ မှတ်တမ်း မှတ်ရာများ ထားရှိပေး ထားကြောင်း    တွေ့ရှိရသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဤအခန်း၊ ဤနေရာတွင် တည်းခိုခဲ့စဉ် က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တွေးတောခဲ့ပုံ ရသည့် အခြေအနေများကို ပြန်လည်မြင်ယောင် ခံစားကြည့်နိုင်ပေသည်။

ဤနေရာ ဤအခန်းတွင် တည်းခိုနေထိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်အခါက မည်သို့မည်ပုံ သတ္တိမွေးခဲ့သည်၊ မည်သို့မည်ပုံ စိတ်ဖိအားများကို ဖယ်ခွါချခဲ့ရသည် စသည်တို့ကိုလည်း ပြန်ပြောင်း စဉ်းစားကြည့်နိုင်ပေသည်။

ခိုင်မာသော သန္နိဌာန်စိတ်ဖြင့် (၁)နှစ်အတွင်း လွတ်လပ်ရေး အရယူပေးမည် ဟူ၍ ပြည်သူသို့ ကတိကဝတ်ပြုထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် နေမဝင် အင်ပါယာထူထောင် ထားရှိသော ဗြိတိသျှ တို့နှင့် အကြိတ် အနယ် ဆွေးနွေးရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ခဲ့ပုံများကို တွေးတောခံစားနိုင်သော အခန်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အငွေ့အသက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များ ကျန်ရစ်နေဦး မည် ဟူသော မျှော်လင့် ချက်များလည်း ဖြစ်ပေါ်လာစေနိုင်သော သမိုင်းဝင်အခန်းတစ်ခန်း ဖြစ်သည်။

ဤနေရာ ဤအခန်းလေးသည် ဟိုတယ်ပိုင်ရှင်၊ အိမ်ရှင်ဗြိတိန်နိုင်ငံအတွက်သာမက လာရောက်တည်း ခိုနေထိုင်ကြသူတို့အတွက် ထူးခြားကောင်း ထူးခြားပေလိမ့်မည်။

သို့သော်-

ဤနေရာ ဤအခန်းလေးသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်းခိုနေထိုင်ခဲ့သည့် သမိုင်းတန်ဘိုး ကြီးမြတ်လှသော သမိုင်းဝင်အခန်း(၁)ခန်း ဖြစ်ပေလိမ့်မည်။

From:Hmuu Zaw

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...