
ခဲ့သော လူသေ အလောင်းအား ပြန်လှယ်တူးဖေါ် စစ်ဆေးမှုကို ဒုတိယ တရားသူကြီး ဒေါ်ခင်မာဦး၊ ဒေါက်
တာပြည့်ကျော်နှင့် ကသာမြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်လွင်တို့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အတိုင်း သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ဦးခေါင်း နောက်ဘက်တွင် ကွဲအက်ဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သည်ဟု သိရှိရပါသည်။
အမှုဖြစ်စဉ်မှာ ၂၈၊၅၊၂၀၁၃ရက်နေ့နံနက်(၈)နာရီအချိန်က ကသာမြို့နယ်အပိုင် ၊ မှတ်တိုင်အုပ်စု၊
နမ့်စမ်ရွာနေ ဦးကျော်အေးသည် နေအိမ်အတွင်း အရက်မူး၍ လဲကျသေဆုံး ခဲ့ပါသည်။
ထိုသေဆုံးမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ရွာလူကြီးများသည် အပိုင်ရဲစခန်းမှူး ဒုရဲအုပ်
ထွန်းထွန်းလွင်ထံသို့ သတင်းပို့ခဲ့ရာ သေဆုံးသူ မိသားစုမှ ကျေနပ်မှုရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး
ထံတွင် အမှုမလုပ်လိုကြောင်း ၀န်ခံကတိ လက်မှတ်ထိုး၍ ရဲစခန်းသို့ အကြောင်းပြန်ကြားရန် ပြောဆို
ခဲ့ပါသည်။
မိသားစုနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများက ဦးကျော်အေး သေဆုံးရခြင်းသည် ပယောဂကြောင့် သေဆုံးခြင်း
မဟုတ်ကြောင်း လက်မှတ်ရေးထိုး ခဲ့သောစာကို စခန်းမှူး ဒုရဲအုပ်ထွန်းထွန်းလွင်ထံ ပို့ပေးခဲ့ကြပြီး ထို
နေ့ညနေ (၅)နာရီအချိန်တွင် အလောင်းကို ကျေးရွာရှိ သုဿန်အတွင်း မြုတ်နှံလိုက်ကြပါသည်။
၁၅၊၆၊၂၀၁၃ရက်နေ့တွင် ထိုသေဆုံးမှုသည် သွေးရိုးသားရိုး သေဆုံးမှု မဟုတ်ကြောင်း ၊ ဓါးဒါဏ်ရာ(၂)
ချက်ဖြင့် သေဆုံးခဲ့သည့် လူသတ်မှုဖြစ်ကြောင်း၊ ထိုသတင်းကို သေဆုံးသူ ဦးကျော်အေး ၏သား ကိုဖိုး
ဝယ်(၃၅/၁၃)နှစ်မှ ရွာထဲတွင် ပြောဆိုနေကြောင်း အမည်မဖေါ်လိုသည့် ရွာသားတစ်ဦးမှ ကသာမြို့
နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်အောင်မြင့်ထံ ဖုန်းဆက် အသိပေး တိုင်ကြားခဲ့ပါသည်။
ထိုတိုင်ကြားမှုမှာ တိုင်ကြားသူ အမည်မဖေါ်ခဲ့သော်လည်း ရဲမှူးကျော်အောင်မြင့်မှ စုံစမ်းစစ်ဆေးရေး
အဖွဲ့ကို ဖွဲ့စည်းပေးပြီး စုံစမ်းစစ်ဆေးစေ ခဲ့ပါသည်၊ ဇူလိုင်လ(၁၀)ရက်နေ့တွင် မြို့နယ်မှူးထံ ဒုတိယ
တိုင်စာရောက်ရှိလာပြီး တိုင်တန်းသူ အမည်ပါ ပါရှိလာသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံ တင်ပြသတင်းပို့၍
လမ်းညွန်မှု ခံယူခဲ့ပါသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာအမှတ် ၁၀၃၉(၀၁)/၂၀၄ဖြင့် စာထွက်ပြီး ယခင်ဖွဲ့ပေးထားသော
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင်လ(၁၃)ရက်နေ့အထိ စုံစမ်းတွေ့ရှိရမှု ပြန်လှယ်မတင်ပြသောကြောင့်
ကသာမြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်လွင်နှင့် အရာရှိ(၃)ဦးပါသော စစ်ဆေးရေး အဖွဲ့သစ်ကို ထပ်မံဖွဲ့စည်း
ကြောင်း အသိပေးခဲ့ပါသည်။
ထို့အဖွဲ့ကို မြို့နယ်မှူးမှ လူတွေ့ခေါ်ယူခါ (၇)ရက်အတွင်း ဖေါ်ထုတ် တွေ့ရှိချက်များကို ပြန်တင်ရန်နှင့်
ချက်ချင်း စုံစမ်းစစ်ဆေးဖေါ်ထုတ်မှု ပြုလုပ်ရန် ညွန်ကြားခဲ့ပါသည်။
ထိုအဖွဲ့မှ သေဆုံးသူ ဦးကျော်အေး၏သားငယ် ကိုဖိုးဝယ်(ခ)ကိုဝင်းမြင့်ကို ခေါ်ယူစစ်ဆေးရာ ၂၈၊၅၊၂၀၁၃
ရက်နေ့ မနက်က ညီမဖြစ်သူ မရွှေမြင့်မှ အဖေ ထမင်းလာမစားကြောင်း ပြောဆိုမှုအရ ဖခင်၏နေအိမ်သို့
သွားကြည့်ရာ နေအိမ်ပြူတင်းပေါက်အနီး လဲကျသေဆုံးနေသော ဖခင်၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊
ဖခင်၏ ကိုယ်ခန္ဒာပေါ်တွင် ဒါဏ်ရာရှိ မရှိ ကြည့်ရှု့ရာ နောက်စေ့တွင် လက်သန်းခန့် ပေါက်နေသော ဒါဏ်
ရာတွေ့ရပြီး ကြမ်းပြင်ပေါ်မှာလည်း သွေးကွက်များတွေ့ရကြောင်းနှင့် သေဆုံးပြီး ရက်(၂၀) အကြာ
မှာ ယောက်ဖဖြစ်သူ မြင့်ထွန်းက လုပ်ကြံတာဆိုသည့် သတင်းများ ထွက်ပေါ်လာကြောင်း၊ထိုသို့ ကြားရ
သော သတင်းကို ညီမဖြစ်သူ မရွှေမြင့်ကို မပြောခဲ့မိကြောင်း ထွက်ဆိုခဲ့ပါသည်။
သေဆုံးသူ ဦးကျော်အေး၏ သမီးဖြစ်သူ မရွှေမြင့်(ခ) မယ်သီကို ဆက်လက်စစ်ဆေးရာ ၂၈၊၅၊၂၀၁၃ရက်
နေ့ မနက်က အရက်အလွန် သောက်လေ့ရှိသူ ဖခင်ဦးကျော်အေး ထမင်းလာ မစားသဖြင့် အစ်ကိုဖြစ်သူ
ကိုဖိုးဝယ်အား ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားကြည့်ရန်ပြောပြီး မိမိမှာ ခင်ပွန်းဖြစ်သူ မြင့်ထွန်းရှိရာ ကြံ
ခင်းသို့ သွားရောက်ပြီး ပြန်လာခဲ့ကြောင်း ရွာအရောက်တွင် ဖခင်ဖြစ်သူ ဦးကျော်အေးအမူးလွန်၍ လဲကျ
သေဆုံးကြောင်း ကြားရပြီး ဖခင်၏ အိမ်သို့ လိုက်သွားရာ အလောင်းပြင်ထားသည်ကို တွေ့ရကြောင်း၊
ဖခင်သေဆုံးမှုမှာ ရာသီဥတု ပူသဖြင့် သွေးတိုးပြီး လဲကျသေဆုံးခဲ့သည်ဟု ထင်မိခဲ့ကြောင်း၊ တစ်စုံတစ်ဦး
၏ ပယောဂကြောင့် သေဆုံးသည်ဆိုသော ပြောဆိုသံ မကြားခဲ့ရကြောင်း ထွက်ဆိုခဲ့ပါသည်။
ထိုအမှုတွင် အဓိကကျသော မရွှေမြင့်၏ ခင်ပွန်းဖြစ်သူ မြင့်ထွန်းအား စစ်ကြောရေး ပြုလုပ်ရာ မိမိသည် ၂၈၊၅၊
၂၀၁၃ရက်နေ့ မနက်အစောပိုင်းက ကြံခင်းအတွက် ငွေလိုနေသဖြင့် ဇနီးဖြစ်သူ မရွှေမြင့်ထံ ငွေ
ထုတ်ရန် အိမ်ပြန်လာခဲ့ကြောင်း၊ အိမ်တွင် မရွှေမြင့်ကို မတွေ့ရသဖြင့် ယောက္ခမဦးကျော်အေး၏နေ
အိမ်သို့ သွားသည် ထင်ပြီး သွားရှာခဲ့ကြောင်း၊ ယောက္ခမဦးကျော်အေး၏ နေအိမ်တွင် ဇနီးဖြစ်သူ ရှိမနေ
သဖြင့် လှည့်ပြန်ရန်ပြုလုပ်စဉ် ယောက္ခမဦးကျော်အေးမှ အရက် အလွန်မူးနေပြီး မိမိအား ရိုက်နှက်ရန်ရှာ
သောကြောင့် ယောက္ခမဦးကျော်အေး၏ ရင်ဘတ်ကို လက်ဖြင့် တွန်းလိုက်မိကြောင်း၊ယောက္ခမဦးကျော်
အေး နောက်ပြန်လဲသွားသည်ကို တွေ့ရပြီး မိမိလည်း ကြံခင်းထဲသို့ ပြန်လာပြီး အလုပ်လုပ်နေကြောင်း၊
ညနေ ကြံခင်းမှ ပြန်လာသောအခါမှ ယောက္ခမ ဦးကျော်အေး သေဆုံးသည်ကို သိရကြောင်း မိမိပယော
ဂကြောင့် သေသည်ဟု မထင်ခဲ့ကြောင်း ၀န်ခံ ပြောဆိုခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ ၁၄၊၇၊၂၀၁၃ရက်နေ့တွင် ကသာရဲစခန်း
သို့ တိုင်ချက်ရေးသွင်းပြီး ကသာရဲစခန်းမှ(ပ)၂၂၀/၁၃အရ တရားခံ မြင့်ထွန်းအပေါ် ဥပဒေပုဒ်မ ၃၀၄(က)
အရ အမှုဖွင့် အရေးယူလိုက်ကြောင်း သတင်းရရှိ ရပါသည်။
(ဟာဂျူလီ-ကသာ)
by သစ်ထူးလွင်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...