သို့ မေမေစု
မေမေ့ကိုလေ ကလေးဘဝ ထဲက
နာမည်ကြားရုံနဲ့တင်ဘာမှန်းမသိဘဲ
လေးစားခဲ့ရတာပါ
ခု ဆို သိတတ်တဲ့ အရွယ်ရောက် လာလေ
ပိုလေးစားလေပါပဲ
အမေစုကလေ ဘယ်တော့ကြည့်ကြည့်
ဖက်ရှင်ကျတဲ့ ဝတ်စုံဝမ်းဆက်နဲ့ မိတ်ကပ်အဖွေးသားမို့  အားကျမိပါတယ်
အမြဲတမ်း အသက်အရွယ်နဲ့မလိုက်ဖက်အောင်
နှုတ်ခမ်းနီအရဲသားနော်
အားကျတာပါ အားကျတာပါ
ပြီးတော့လေ မေမေ
ဘယ်သွားသွား တာ့တာလေးတပြပြနဲ့
ဓါတ်ပုံတွေကို ပိုစ့်အမျိုးမျိုးရိုက်တတ်တာကလဲ
မိန်းခလေးတစ်ယောက်အတွက် အားကျမိတဲ့တစ်ချက်ပါပဲ
မေမေ့ ယောင်္ကျားက အဖြူကောင်ကြီးနော်
ထားပါ ထားပါ ဒါက ပြီးခဲ့တာပြီးပါစေတော့နော်
သမီးဆိုလေ အင်္ဂလိပ်စာ အရမ်းကြောက်တတ်တာ
မေမေမွေးထားတဲ့ သားလေးတွေကျ
မြန်မာစကားတောင်မတတ်ဘူးဆို
အားကျလိုက်တာမေမေရယ်
ရှိသေးတယ် မေမေ နေအိမ်အကျယ်ချုပ် နေတုန်းကလေ အင်းယားကန်ကို လက်ပစ်ကူးလာတဲ့ ဂျွန်ယက်တောကြီးကိုလေ
လူတွေက ဘာလိုလို ညာလိုလို လျှောက်ပြောကြတာ သမီးသိပ်မုန်းတယ်မေမေ
တကယ်ဆိုသူက မေမေ့ကို လေးစားလွန်းလို့  သူ့ နှလုံးရောဂါတောင်
အမှုမထား လက်ပစ်ကူးလာရတာ သနားစရာပါ
တောပြောတောင်ပြောတွေ မပြောသင့်ပါဘူးနော်
နိုင်ငံခြားသားကတောင်တကူးတက လာတွေ့တဲ့ မေမေ့ကို သမီးတခါမှ လာမတွေ့ဖူးသေးတာ ခွင့်လွှတ်ပါမေမေ
မေမေ ရေ မေမေကလေ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးနော်
ဘာငြိမ်းချမ်းရေးလုပ်ခဲ့လို့  နိုဗယ်ဆုရတာလဲ မသိပါဘူး ( အဲ့တုန်းက သမီးကငယ်သေးတော့ မသိလိုက်ဘူး )
ဘာလို့ ပဲရ ရ ဂုဏ်ယူပါတယ်မေမေ
အော် ဟိုတခါ အိုဘာမားကြီးလာတုန်းက
အာဘွားလဲပေးခံရတယ်နော်
ဂုဏ်ယူပါတယ်မေမေ
သမီးတို့ လို အညတြတွေအဖို့  အိုဘားမားဆိုတာ တီဗွီထဲပဲ မြင်ဖူးတာပါ အနမ်းရဖို့ ဆို ဝေးစွ
အမေရိကန် သမ္မတကြီး ပယ်ပယ်နယ်နယ်အနမ်းအတွက်ဂုဏ်ပြုပါတယ်မေမေ။
မေမေကလေ နိုင်ငံခြားခနခနသွား ရတာလဲ အရမ်းအားကျတယ်မေမေ
သမီးအရမ်းကြိုက်တဲ့ ကိုရီးယားမင်းသမီး မင်းသားတွေ နဲ့တောင်ဓါတ်ပုံတွေ တွဲရိုက်တာလေ ကလေးကလား ဆန်တယ်နော် အဲလေ သမီးအရမ်းအားကျတာပဲ
မေမေကလေ နိုင်ငံခြားသွား ပြီးရင် မြန်မာနိုင်ငံကြီးက ဟိုဟာ မကောင်းဘူး ဒီဟာမကောင်းဘူး ပြောတယ်နော် ဒါကြောင့် ဆန်ရှင်မဖွင့်ပါနဲ့ ဘာပုတယ် ညာပုတယ် ပြောတယ်နော် လမ်းထိပ်က ဒေါ်ပုမ ကြနေတာပဲ ဟီးဟီး
နောက်တာပါ
ဟုတ်တာပေါ့ မေမေရယ် ပြောသင့်ပါတယ် ကောင်းမှမကောင်းတာကိုး
ခုဆိုမေမေက လွှတ်တော်အမတ်ကြီးဖြစ်နေပြီနော်
တနေ့ တနေ့ မေမေ့ အဆို တင်သွင်းသံတွေ ကန့် ကွက်သံတွေ သိပ်မကြားရဘူးနော် ( သမီးနားမထောင်မိတာ နေမှာပါ )
ွှအော် မေမေ ၂၀၁၂ ဒီဇင်ဘာတုန်းကလေ ပညာရေးရံပုံငွေ အတွက်ဆိုပြီး ဆွယ်တာနှစ်ထည် လေလံဆွဲပွဲခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်လေ
အားကျလိုက်တာ လေ ဆွယ်တာလေးနှစ်ထည်ရောင်းတာ ၁၀၄၅ သိန်း တောင်ရခဲ့တယ်နော်
ခုဆို ၇ တောင်ကြာခဲ့ပြီနော် ဘယ်မှာ ပညာရေးအတွက်အလှူငွေ တွေ
မေမေ လိုအပ်တဲ့ နေရာအတွက်သေချာ စီစဉ်နေတာ ထင်ပါတယ်နော်
ပြီးတော့လေ မေမေ့ရဲ့ဂရုဏာတော် ကို အရမ်းလေးစားပါတယ်
ကုလားကို ကုလား လို့ မခေါ်ပါနဲ့ ကျမလဲ မခေါ်ဘူး ကုလားလို့  ခေါ်တာ မိမဆုံးဖမဆုံးမတွေ ပဲလို့  ပြောလိုက်တဲ့ မေမေ့ရဲ့ရဲရဲ တောက်စကားကြောင့်
မေမေ တော်တော်လေး ကုလားတွေ ထောက်ခံမှုတွေရခဲ့တာလေ
ပြီးတော့ လူနဲစု ကုလားလေးတွေကို သနားညှာတာပါလို့  ဂရုဏာသံနဲ့ပြောတုန်းကဆိုလေ တော်တော်လေး လေးစာမိပါတယ်
သမီးတို့  သနားနိုင်တဲ့ ကုလားတွေကို မေမေက သနားပေးတယ်လေ
ဒါကြောင့်လဲ ပြည်သူချစ်တဲ့ ဒေါ်စုဖြစ်နေတာပေါ့နော်
မေမေရေ မေမေကို့ လေ ဘယ်ကိစ္စ မဆိုဖြစ်လာရင် နှာစေးနေလို့  နှုတ်ဆိတ်နေလို့ တဲ့ လူတွေက အားမလို အားမရဖြစ်နေကြတာ
တကယ်ဆို မေမေ့က လုပ်ပိုင်ခွင့်မရှိလို့  ငုတ်တုတ်ထိုင် အဲလေ နှုတ်ဆိတ်နေရတာ သူတို့ နားမလည်တာထင်ပါတယ်
မေမေက သမ္မတကြီးဖြစ်မှ အာ့တွေ လုပ်မှာမလား သမီးသိပါတယ် မေမေ
အော် ဒါနဲ့မေမေ မေမေ့ သားသမီးတွေ အကြောင်းတိုင်ရဦးမယ်
ရက်ကွက်ထဲမှာလေ အရက်သမားချင်းရန်ဖြစ်ကြတာ သိလား
အရက်သမား တစ်ယောက်ကလေ မင်းက ဘာကောင်မို့ လဲ ငါက NLD ကကွဆိုပြီး ရန်ဖြစ်နေရင်းနဖူးစီးကြီး ကောက်စီးပစိလိုက်တာ
ဘာကောင်မှ ဂရုမစိုက်ဘူး NLD ကကွဆိုပြီး ပုဆိုးကွင်းသိုင်းပြီး ရပ်ကွက်ထဲ ပတ်ဆဲတယ် သိလား
မေမေ့ ဒေါင်းတံဆိပ်က အဲ့မှာလဲ အသုံးဝင်သားနော်
ပြီးတော့လေ တနင်္လာနေ့ တိုင်းထုတ်တဲ့ ဒီလှိုင်းဂျာနယ်ကိုလေ ပင်နီအကျီတွေ ဝတ်ပြီး လိုက်ရောင်းကြတယ်လေ
ယူချင်မှန်းမသိ မယူချင်မှန်းမသိ အတင်းလိုက်ထိုးရောင်းတာ တအားစိတ်ပျကိဖို့ ကောင်းတယ်လေ
ငွေ ၃၀၀ ကပ်စေးနဲ့လို့ တော့ မဟုတ်ပါဘူး အားနာပါးနားဝယ်ပြီးရင် ဘယ်နားပြန်သုံးရမှန်းကို မသိတာ ( အရင်တုန်းကလို သတင်းစာစက္ကူ ငရုတ်သီးမှုန့် လဲ မထုတ်တော့ဘူးလေ ) ဟိုနားတဘုတ် ဒီနားတဘုတ် မျက်စိကရှုပ်သေး
ထားပါတော့လေ အရေးမကြီးတာတွေနဲ့ စာလဲ အတော်ရှည်နေတယ်
ပြောချင်တွေအများကြီးကျန်သေးတာ တီရှပ်ရောင်းကောင်းတာတွေ NLD ပါတီဝင်မဟုတ်ဘဲ ဗိုလ်ချုပ်က မဲဆွယ်ပွဲတွေ တကောက်ကောက်လိုက်ရတာတွေစုံလို့ ပေါ့
စာဖတ်သူလဲ ပျင်းနေရှာရော့မယ် လေ
ဒါကြောင့်တိုတိုတုတ်တုတ်ပဲ ပြောပါမယ်
မေမေကို အားကျပါတယ်
ဘာမှမလုပ်လဲလေးစားပါတယ်
ဗိုလ်ချုပ်သမီးမို့ အားကိုးပါတယ်
မွမွ မေမေ
( လာမဆဲကြနဲ့ညော် ငါကွ မေမေ့သမီး )
From: May Thit Lwin
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...