တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသား တစ်ဦး သေ ဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစ တင်ပေါ်ပေါက်ခြင်းဖြစ် သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများက အတည် ပြုထားသည်။
သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြော သွားသဖြင့် ဆေး ရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။
ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
From:Mizzima

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...