ဇူလိုင်လ ၁၆ ရက် ၂၀၁၃
ယခုအခါ အမေရိကန် ဒေါ်လာ လဲလှယ်ဈေးနှုန်းဖြင့် တက်လာသည့် အတွက် ငွေကြေးဖောင်းပွမှု များ ဖြစ်ပေါ်လာသောကြောင့် လခစား ဝန်ထမ်းများ အတွက် အခက်တွေ့စေကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ "အခု ဒေါ်လာဈေးက (၈၅၀) ကနေ တက်လာတာ (၉၅၀) ဝန်းကျင်လောက် ကို ဖြစ်နေတယ်၊ နဂိုထက် (၁၂ ရာခိုင်နှုန်း) လောက်ဖောင်းပွလာတယ်။ အခု ဝန်ထမ်းတွေ လစာ တိုးပေမဲ့ လည်း မလောက်ဘူး။
ဘာကြောင့်လဲဆိုတော့ ငွေဖောင်းပွနှုန်း များလာတဲ့ အတွက် အခု မြန်မာငွေ က အားနည်းနေတယ်။ မြန်မာငွေမာလာရင် ကုန်စည် တန်ဖိုးတွေ ကျလာမယ်" ဟု ၎င်းက ပြောသည်။
၎င်းကဲ့သို့ ငွေဈေး မြှင့်တက်လာသည့် အတွက် သွင်းကုန် လုပ်ငန်းရှင်များ အတွက် ထိခိုက်မှု ရှိသလို၊ စီးပွားရေး သမားများဖြစ်သည့် အတွက် ငွေဈေးတက်လျှင် တက်ဈေးနှင့် ဝယ်သလို ပြန်လည် ရောင်းချ သည့် အခါတွင်လည်း တက်ဈေးဖြင့် ရောင်းချသည့် အတွက် သုံးစွဲသူများ နစ်နာစေကြောင်း ၎င်းက ထပ်ပြောသည်။ "မြန်မာနိုင်ငံက အဓိက တင်ပို့နေတာက စိုက်ပျိုးရေးကို အခြေခံတဲ့ ပစ္စည်းတွေပဲ။ ကိုယ့်ဆီက တင်ပို့တာနဲ့ ကိုယ်ဆီကို ပြန်သွင်းနေတာ ဘယ်သူက ပိုများလဲဆိုတာ ကြည့်ရမယ်။ စိုက်ပျိုးရေး အခြေခံတဲ့ ပစ္စည်းတွေ အများဆုံး ပို့တဲ့အတွက် ဈေးပေါလာမယ်။ အခု ငွေသာ ဖောင်းပွပြီး လုပ်ငန်းတွေ နှေးကွေးနေတယ်။ ဒီထက်ပိုမိုလာရင် လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တယ်။ စားရေး သောက်ရေးလည်း အခက်တွေ့နိုင်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အခုဆိုရင် ဂျပန်က ခိုင်လာတယ်။ အရင်က ဂျပန်ယန်းက အမေရိကန် တစ်ဒေါ်လာကို (၁၀၂.၄၅) ယန်း ရှိရာကနေ အခု (၉၉.၃၀) ယန်းအထိ လျော့ကျသွားတယ်။ မြန်မာငွေနဲ့ ကြည့်မယ် ဆိုရင်လည်း အရင်က ဂျပန်ယန်း တစ်ကျပ်ကို (၁၁/၁၂) ကျပ်ရှိရာကနေ (၉.၇၇) ကျပ်ရှိတော့တယ်။ မြန်မာငွေလည်း ခိုင်လာဖို့ လိုနေပြီဟု မော်တော်ယာဉ် တင်သွင်းသူ တစ်ဦးက ပြောသည်။
လင်းခ (သဲတော)
Hot News Weekly Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...