၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် ပြန်လည် အရွေးခံရန် အတွက် မစဉ်းသား သေးကြောင်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က Venus News Weekly သို့ ပြောသည်။ "ကျွန်တော် သိသလောက် ပြောရမယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ် သမ္မတရွေးချယ်ဖို့ ကိစ္စနဲ့ပတ်သက် လို့ ခေါင်းထဲမှာ လောလောဆယ် သမ္မတက မစဉ်းစား သေးပါဘူး၊ နောက်တစ်ခုကတော့ သမ္မတ ရွေး ချယ်တယ် ဆိုတာက ကိုယ့်ဟာ ကိုယ်အမည်စာရင်းသွင်းလို့ရတာမှ မဟုတ်တာ၊ ဒီလိုပဲ ခန့်မှန်းပြောဆို နေကြတာပါ၊ ကောလာ ဟလသာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် အဓိကထား ထည့်သွင်းစဉ်းစား နေသော အချက် များမှာ နိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် ကိစ္စ၊ ပြည်သူ လူထု၏ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးကိစ္စ၊ လူငယ်များအတွက် ကောင်းမွန်သော အနာဂတ်တစ်ခု ထားရှိရန် ကိစ္စတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း၊ သမ္မတအမည် တင်သွင်းခြင်းကို လွှတ်တော် အသီး သီးကသာ ဆောင်ရွက် ရမည်ဖြစ် ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
သို့သော် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် သည် နောက် ကွယ်မှ နိုင်ငံရေး လုပ်ကြံမှု၊ ဖိအားပေးမှု၊ အကျပ်ကိုင်မှု၊ ခြေထိုး မှုများကြောင့် နောက်ထပ် တစ်နှစ်ခွဲ ကျော် သာ သမ္မတပြုလုပ်တော့မည် ဖြစ်ပြီး နောက်တစ်ကြိမ် သမ္မတ သက်တမ်းကို အရွေးမခံ တော့ ဟု လက်မှတ်ရေးထိုး လိုက်ကြောင်း အင်တာနက် ကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက် ရှိသည်။
ထို့အပြင် လက်ရှိသမ္မတ ဦးသိန်းစိန်သည် စစ်တပ်၊ ပြည်သူ နှင့် နိုင်ငံတကာက လက်ခံအား ပေးကာ အသိအမှတ်ပြု ခံထားရ သောကြောင့် နောက်တစ်ကြိမ် သမ္မတ သက်တမ်း ဆက်လက် တာဝန်ယူခြင်းကသာ လက်ရှိဖော် ဆောင်နေသော အပြောင်းအလဲနှင့် ပြုပြင်ရေး လုပ်ငန်းများကို အရှိန် ကောင်းလာစေမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လိုကြောင်း ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်တို့က မီဒီယာ များသို့ တရားဝင် ထုတ်ဖော်ပြော ကြားထားပြီး ဖြစ်သည်။
From:ရိုးရာလေး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...