Pages

Wednesday, July 31, 2013

ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန်ဇာတ်လမ်းအတွက် သရုပ်ဆောင်သစ် ၂၀ ရွေးမည်

 ကမ္ဘာ့ပထမ ဆုံး လေယာဉ်အပိုင်စီးမှု ဖြစ်ရပ် မှန်ဇာတ်လမ်း ရိုက်ကူးရန်အတွက် သရုပ်ဆောင်အသစ် အယောက် ၂၀ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကား ရိုက်ကူး ရခြင်းသည် မြန်မာ့ရုပ်ရှင်ကို ကမ္ဘာ မှ အသိအမှတ်ပြုအောင် ရိုက်ကူး ခြင်းဖြစ်ကြောင်း သိရသည်။

''ဦးတို့က ဒီဇာတ်ကားကို ရိုက်ဖို့ဖြစ်သွားတာက ဒီလေယာဉ် အပိုင်စီးမှုဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်တဲ့အတွက် ကမ္ဘာကလဲ သိ တယ်၊ အဲဒီအတွက် မြန်မာရုပ်ရှင် ကိုကမ္ဘာအထိ ထိုးဖောက်သွားနိုင် အောင် ဒီဖြစ်ရပ်မှန်ကို ရိုက်တာ ပါ။ အခုဆိုရင် အားလုံးကလဲ မြန် မာနိုင်ငံကို ဝိုင်းဝန်းပံ့ပိုးကြတယ်၊ အဲဒီလိုအချိန်မျိုးမှာ ဒီလိုမျိုးရိုက် ပြလိုက်တာပါ''ဟု ဒါရိုက်တာအဏ် ထော်ဏီက ပြောသည်။

အဆိုပါဇာတ်ကားအား Snake King နိုင်ငံတကာ ရုပ်ရှင် ဖြန့်ချိရေး၊ မီဒီယာဂရုနှင့် ဖြိုးနှင့် မင်း ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ် ရေးတို့မှ ပူးပေါင်းရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီဖြစ်ရပ်မှန်က ၁၉၅၄ ခု နှစ် ဇွန် ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် လေပေါ်မှာပဲ ပြန် ပေးဆွဲခဲ့တာဖြစ်တယ်၊ အဲဒီလေ ယာဉ်က ရန်ကုန်ကနေ ရခိုင်ကို သွားတဲ့ လေယာဉ်ဖြစ်တယ်၊ လေ ပေါ်မှာပဲ အပိုင်စီးခဲ့တယ်။ အဲဒီ ဖြစ်ရပ်မှန်ကို ပြန်ရိုက်မှာပါ''ဟု ယင်းက ဆက်ပြောသည်။

အဆိုပါဇာတ်ကားအတွက် ရွေးချယ်မည့် သရုပ်ဆောင်သစ် များအား Traning များပေး၍ ဇာတ်ကားများ ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။
''ဦးတို့အခုလို သရုပ်ဆောင် သစ်တွေကို ရွေးချယ်ပြီး ရိုက်ကူး တယ်ဆိုတာက သူတို့တွေကို မြေ တောင်မြှောက်ပေးချင်တာပါ။ အ သစ်တွေကို သင်တန်းပေးပြီးမှ သ ရုပ်ဆောင်ခိုင်းမယ်၊ ဝါသနာပါလို့ လာလျှောက်တဲ့သူတွေအားလုံး ထဲက ယောက်ျားလေး ၁ဝဦး၊ မိန်းကလေး ၁ဝဦးကို ရွေးမယ်''ဟု ယင်းက ဆက်ပြောသည်။

အဆိုပါ ဇာတ်ကားအတွက် သရုပ်ဆောင်သစ် လျှောက်မည့် သူများသည် ဖြိုးနှင့်မင်း ဗီဒီယို ထုတ်လုပ်ရေးတွင် ထုတ်ယူနိုင် ကြောင်း သိရသည်။

FROM-Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...