Pages

Monday, July 29, 2013

ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ စွတ်စွဲပြောဆိုနေကြ

 ဦးဝိရသူ ဟောတဲ့ တရားတွေဟာ Hate Speech တွေဖြစ်တယ်၊ ပြည်တွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်တယ် အစရှိသဖြင့် တော်တော်လေး ဆိုးဆိုးဝါးဝါး ဝေဖန်ခဲ့တဲ့လူတွေဟာ အခုတလော အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ အစ္စလာမ်ဘာသာရဲ့ ဟောပြောချက်နဲ့ ပါတ်သက်လို့တော့ မှတ်ချက်ပြုသံ မကြားမိသလို ဘာသံမှ ထွက်မလာပဲ ငြိမ်သက်နေတာလည်း အတော်လေး ထူးထူးခြားခြား အံ့သြစရာတစ်ခု ဖြစ်နေပြန်တယ်.......

ဟိုက ဟောထားတဲ့ အထဲမှာတော့ ဘာသာခြား (ကာဖိရ်) တွေကို ခေါင်းဖြတ်သတ်ဖို့၊ ဒီလိုခေါင်းဖြတ်သတ်တာဟာ အလ္လာဟ်ရဲ့ အလိုတော်ပဲဖြစ်ကြောင်း၊ ဒါကို ကိုယ့်ဘာသာဝင်ထဲက တားမြစ်သူရှိလာရင် အဲ့ဒိတားမြစ်တဲ့လူကို အရင်ဆုံး ခေါင်းဖြတ် သတ်ပလိုက် ဆိုတာတွေ ဟောထားပါတယ်..... အဲ့ဒိစကားလုံးတွေနဲ့ ပါတ်သက်လို့တော့ Hate Speech အဆင့်မဖြစ်လို့များ ပြည်တွင်းက လစ်ဘရယ်နာမည်ခံတွေ ရှောင်ရှားနေသလား မပြောတတ်ပါ.......

ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ကွာခြားချက်ကတော့ ဦးဝိရသူဟောတဲ့ တရားနဲ့ ပါတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေထဲကကိုပဲ သဘောမတူတာကို အတိအလင်း ထုတ်ပြောခဲ့သူတွေ အများကြီး ရှိကြပေမယ့် အခု အစ္စလာမ် တရားဟောဆရာရဲ့ တရားနဲ့ ပါတ်သက်လို့တော့ သဘောမတူကြောင်း၊ လက်မခံကြောင်း ထုတ်ပြောတဲ့လူ မရှိသလောက် နည်းနေတာကို တွေ့ရပါတယ်...... ဒါကိုကြည့်ရင် ကွာခြားမှုကို တွေ့ပါလိမ့်မယ်......

ဘာပဲဖြစ်ဖြစ်ပါ ဘာသာ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် နှစ်ဖက်စလုံးက ဆင်ခြင်ရမှာပဲ..... ဦးဝိရသူရဲ့ တစ်ချိန်တုန်းက ဟောခဲ့တဲ့ ကုလားတွေကို နေစရာမရှိအောင်၊ စားစရာမရှိအောင် လုပ်မယ်ဆိုတဲ့ တရားကို လက်ညှိုးထိုးပီး ဝေဖန်နေကြတဲ့ လစ်ဘရယ် နာမည်ခံတွေဟာ လက်ရှိ မိတ္ထီလာကိစ္စတွေကို လက်ညှိုးထိုးပီး အားလုံးကို ခေါင်းဖြတ်သတ်ဖို့ ဟောတဲ့ တရားမှာတော့ မသိချင်ယောင် ဆောင်နေတာဟာ လစ်ဘရယ်နာမည်ခံတွေရဲ့ ရပ်တည်မှုကို အထူးတလည် စိစစ်စရာမလိုအောင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာတာပါပဲ......

ဦးဝိရသူရဲ့ တစ်ချိန်က ဟောခဲ့တဲ့ တရားကို လက်ညှိုးထိုးပီး အရေးယူဖို့ ဆော်သြနေသူတွေဟာ အခုလက်ရှိ ဟောတဲ့ ခေါင်းဖြတ်သတ်ဖို့ တရားဟောဆရာကိုတော့ စိုးစဉ်းမျှတောင် ဝေဖန်ခြင်း မရှိကြပါဘူး...... သက်ဆိုင်ရာ ဘာသာရေး အသင်းအဖွဲ့တွေကလည်း ဒီကိစ္စနဲ့ ပါတ်သက်ပီး ပြောဆိုတာတွေလည်း မတွေ့ရပါဘူး........

ဒီအတွက် အာဏာပိုင် အစိုးရအနေနဲ့ ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေပီ လို့ မြင်မိပါ တယ်..... တကယ် Hate Speech တွေ ဖြန့်ဝေနေတဲ့ လုပ်ရပ်တွေကို တားမြစ်နိုင်မှ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်နိုင်မှာပါ....... ဘာသာရေးကို ခုတုံးလုပ်ပီး ဘာသာမတူသူတွေကို သတ်ဖို့ နှိုးဆော်နေတာတွေကို လစ်လျူရှုထားခဲ့ရင် နောက်ထပ် ကြီးမားတဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ မလွဲဘူးဆိုတာလေး အသိပေးပါရစေ..........

Photo copied from Internet
From:Voice of James Mint

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...