Pages

Friday, July 5, 2013

ခိုလုံသူတွေ နိုင်ငံသားဖျောက်ဖျက် မှုကို ကိုင်တွယ်ဖို့ အစိုးရတိုက်တွန်းခံရ

သြစတြေးလျအစိုးရက ခိုလုံခွင့်တောင်းခံသူတွေအနေနဲ့ နိုင်ငံသားမှတ်ပုံတင်လို အထောက်အထားတွေကို ဖျက်ပြစ်တာနဲ့ပတ်သက်တဲ့ပြဿနာကို ကိုင်တွင်ဖြေရှင်းဖို့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်လာကြတဲ့ ခိုလုံခွင့်တောင်းခံသူ အများစုဟာ စီးပွားရေးကြောင့် ရွှေ့ပြောင်း လာသူတွေဖြစ်တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr က ဆိုပါတယ်။

သြစတြေးလျနိုင်ငံကို လာတဲ့လမ်းခုလပ်ကနေ နိုင်ငံသားမှတ်ပုံတင်လို အထောက်အထားတွေ ဖျောက်ပစ် တာနဲ့ ပတ်သက်ပြီး ဖြစ်လာမယ့်ပြဿနာတွေကို သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

လူမှောင်ခိုကုန်ကူးသူတွေက ခိုလုံခွင့်တောင်းခံသူတွေကို လမ်းခုလပ်မှာနိုင်ငံသားမှတ်ပုံတင်လိုအထောက် ထားတွေဖျက်ခိုင်းပြီးဇာတ်လမ်းအသစ်တွေကို ထွင်ပြီး လိမ်ညာခိုင်းနေတယ်လို့ ဆိုပါတယ်။

သြစတြေးလျ အတိုက်အခံဖက်က လူဝင်မှုကြီးကြပ်ရေး ပြောရေးဆိုခွင့်ရှိသူ Scott Morrison ကလည်း အတိုက်အခံ ညွန့်ပေါင်းအဖွဲ့အနေနဲ့ ခိုလုံခွင့်တောင်းခံသူတွေ နိုင်ငံသား မှတ်ပုံတင်လို အထောက်အထား တွေကို လမ်းခုလပ်မှာ ဖျောက်ပစ်တဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အစိုးရကို ပြောနေတာ တစ်နှစ် လောက်ရှိပြီလို့လည်း ပြောလိုက်ပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...