Pages

Wednesday, July 24, 2013

လူရည်ချွန် များကို အရှေ့တောင် အာရှ နိုင်ငံ များသို့ လေ့လာရေး ခရီး စေလွှတ်ရန် စီစဉ်ထားပြီး အသေး စိတ်အား ဆွေးနွေးနေ


os-july24

လူရည်ချွန် ကျောင်းသားကျောင်းသူများကို တောင်ကြီးမြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်(တောင်ကြီး))
လူရည်ချွန်များအတွက် ပြည်ပနိုင်ငံ လေ့လာရေးခရီးစဉ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများသို့ စေလွှတ် ရန် စီစဉ်ထားပြီး လတ်တလောတွင် အဆိုပါ ခရီးစဉ်နှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များ အား ဆွေးနွေးနေဆဲဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

လူရည်ချွန်များအား ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒသမတန်း လူရည်ချွန် ၃၆ ဦးအား စေလွှတ် သွားမည်ဖြစ်ပြီး စေလွှတ်မည့်နိုင်ငံ၊ လေ့လာရေး ခရီးစဉ် သွားရောက်မည့် အချိန်၊ ကြာမည့်ကာလတို့အား အသေးစိတ် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

"လူရည်ချွန်တွေရဲ့ ပြည်ပလေ့လာရေး ခရီးစဉ်ကမကြာခင်လို့ပြောရမှာပါ။ အသေးစိတ် အချက်အလက်   တွေ ကတော့ စပွန်ဆာတွေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်" ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးတစ်ဦး က ပြောပြသည်။ လေ့လာရေးခရီးစဉ် စေလွှတ်ရန်အတွက် လူရည်ချွန်များအား ရွေးချယ်ရာတွင် လူရည်ချွန် စခန်းချသည့် ကာလအတွင်း၌ လျှို့ဝှက်အကဲဖြတ်ထားသည့် ရမှတ်များ၊ ကြီးကြပ်အုပ်ချုပ်သူ ဆရာများ အကဲဖြတ်ထားသည့် ရမှတ်များ၊ လူရည်ချွန် စတင်ရွေးချယ်သည့် အချိန်ကတည်းကပင် အဆင့်ဆင့် အကဲဖြတ်ထားကြသည့် ရမှတ်များ၊ စခန်းသွင်း ကာလအတွင်း အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့် မှု၊ ခေါင်းဆောင်ပီသမှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ ဦးဆောင်မှု စသည့်ခေါင်းစဉ်များနှင့် အကဲဖြတ်ထားသည့် ရမှတ်များအပေါ် အခြေခံ၍ ရွေးချယ်ခြင်းဖြစ်သည်။

ဘက်စုံထူးချွန် လူငယ်များ ရွေးချယ်ခြင်းကို ၂၀၁၂-၁၃ ပညာသင်နှစ်မှ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူရည်ချွန် ကျောင်းသားကျောင်းသူ ၅၁၀ ဦး ရွေးချယ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...