ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားပေး မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစုရဲ့ နစ်နာချက်တွေကို တရားဝင်ဖြစ်စေဖို့ အာဏာပိုင်တွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေရှိဖို့ အရေးကြီးတယ်” ဟု ဘန်ကီမွန်းက ယင်းကုလသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စုဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများ ဖြစ်သောကြောင့် ဘင်္ဂါလီဟုသာ သုံးစွဲကြောင်း၊ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
From:The Voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...