Pages

Sunday, July 21, 2013

ကလေးသူ ငယ် မုဒိန်းကျင့်သူများကို သေဒဏ်အပြစ်ပေးသည့် ဥပဒေ လွှတ်တော်တင်သွင်းရန် စာတမ်းပြုစု

ကလေးသူ ငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်သူကို သေဒဏ်အပြစ်ပေးသည့် ဥပဒေ လွှတ်တော်တင်သွင်းရန် စာတမ်းပြုစု

ကလေးသူ ငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများလျော့နည်း သွားရန်ရည် ရွယ်၍ ကျူးလွန်သူအားသေဒဏ် အပြစ်ပေးရန် ဥပဒေတစ်ရပ်ကို ခေတ် သစ်အမျိုးသမီးအစည်းအ ရုံး(မြန်မာ)မှ လွှတ်တော် တွင်တင် သွင်းရန် စာတမ်းပြုစုပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ကလေးသူ ငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများမှာ အလွန်များပြားလာ ကြောင်း၊ အခိျု့ပြစ်မှုများမှာ ဖခင် နှင့် သားသမီးတို့ပင်ဖြစ်ကြောင်း၊

ထိုကဲ့ သို့ လူမဆန် လွန်းသောဖြစ် ရပ်များကိုတားမြစ်နိုင်ရန် ပြင်း ထန်သော ဥပဒေအဟန့်အတား တစ်ခုလိုအပ်ပြီဟု ခေတ်သစ်အ မျိုးသမီးအစည်းအရုံး (မြန်မာ)က ယူဆသောကြောင့် ယခုကဲ့သို့ပြု လုပ်ရန် ကြိုးစား ရခြင်း ဖြစ်ကြောင်း အ စည်း အရုံးဥက္ကဌ ဒေါ်ရီရီစံက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။

ဒေါ်ရီရီစံက ''ဒီလိုကျူးလွန် ရင် သေဒဏ်ဆိုတာ လူတွေသိသွား မယ်။ ဒါဆိုရင် မကျူးလွန်ရဲတော့ ဘူးလို့ ထင်ပါတယ်။ အသက်နဲ့ရင်း တဲ့အဟန့်အတားတစ်ခုကြောင့် ဒီလိုမကြားဝံ့မနာသာတဲ့ ကိစ္စ တွေ လျော့နည်းသွားနိုင်ဖို့ ရည်ရွယ် ပါတယ်''ဟုပြောသည်။

အဆိုပါ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရမှုများကို သေဒဏ်ချမှတ်သင့် ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က ''ဒီတစ်ပတ် လွှတ်တော်မှာ ကျွန် တော်တင်ပြခဲ့ပေမယ့် သိပ် အ ကြောင်းမထူးခဲ့ပါဘူး။

လာမယ့် ရှစ်ကြိမ်မြောက်မှာတော့ ဒီထက် ပိုပြီးပြည့်စုံခိုင်မာတဲ့ဥပဒေကို ကျွန် တော်ကိုယ်တိုင်ရေးဆွဲပြီး ထပ် တင်သွားမှာပါ''ဟုပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ''ဒီလို လုပ်ရပ်တွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ သေဒဏ်ဆိုတာကတော့ လူ့အခွင့်အရေးစံနှုန်းနဲ့ ကြည့်ရင် မကိုက်ညီပါဘူး။ ဥပဒေပြဌာန်း ခြင်း၊ မပြဌာန်းခြင်းကတော့ လွှတ် တော်ကသာလျှင် အဓိကဖြစ်ပါ တယ်''ဟုပြောသည်။


From: ဒီခေတ်နေ
Yangon Times Daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...