Pages

Wednesday, July 31, 2013

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြင်ဆင်မှုပြီးစီး

 ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီးကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြင်ဆင်မှုပြီးစီးပြီဖြစ်လို့ သည်ညနေ(ဇူလိုင်၃၀) ၅း၀၀နာ၇ီကစပြီး ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်သုံးနိုင်ပြီလို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ဆီမီးဝီးသရီး ပြည်ပကေဘယ်လ်စတေရှင်မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးမြင့်ထံက သိရပါတယ်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆီမီးဝီးသရီးဆက်ကြောင်းက ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်မှာချို့ယွင်းမှုဖြစ်ခဲ့တယ်။ ပြုပြင်ဆဲကာလအတွင်း မြန်နှုန်း 5.5 GBPS ကိုပဲအသုံးပြုလို့ရခဲ့ပြီး အခုအချိန်မှာ ယခင်မြန်နှုန်း 11.5GBPS ကို အသုံးပြုနိုင်ပါပြီ။

From: The Modern News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...