Pages

Tuesday, July 2, 2013

"၀မ်းနည်းစရာသတင်း" နောက်တကြိမ် သက်တမ်း အရွေးမခံတော့ဘူး ဆိုပြီး ကြံ့ခိုင်ရေးပါတီကို သမ္မတကြီး လက်မှတ်ရေးထားပေးလိုက်ခြင်

သမ္မတ သက်တမ်း နောက်တကြိမ် ပြန်လည် အရွေးမခံတော့ဘူး ဆိုပြီး သမ္မတကြီး ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီကို ကတိ ခံဝန် လက်မှတ် ရေးထိုးပေးလိုက်ပြီဟု ခိုင်မာတဲ့သတင်းရပ်ကွက်အဆိုရ သိရတဲ့အတွက် အထူးကို စိတ်မကောင်း ၀မ်းနည်းမိပါသည်။


ပြည်သူက တာဝန်ပေးရင် ဒုတိယအကြိမ်အဖြစ် သမ္မတသက်တမ်း အရွေးခံ မယ်လို. လူသိရှင်ကြားပြောကြားထားသည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သည် ပါတီအတွင်း ဖိအားပေး အကြပ်ကိုင်မှုတွေကို ခေါင်းအရှုပ် မခံချင်သည့်အတွက် နောက်ထပ် သမ္မတ သက်တမ်းအဖြစ် အရွေးမခံတော့ ဘူး ဆိုပြီး ကြံ့ခိုင်ရေးပါတီကို လက်မှတ် ထိုးပေးလိုက်ပြီ ဖြစ်ပါသည်။

သမ္မတ လုပ်ချင်ပါတယ်လို. လူသိရှင်ကြား ပြောဆိုထားသည့် လူ ၃ဦးအနက် လက်ရှိ မြန်မာ့ပြည်၏ ပကတိ အခြေအနေနဲ. လက်တွေ. လုပ်ရပ် Track Record တွေအရ သမ္မတကြီး ဦးသိန်းစိန်သည် မြန်မာပြည်သူများနှင့် မြန်မာပြည်အတွက် အကောင်းဆုံး အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါသည်။

ကျန် ၂ဦးဖြစ်တဲ့ ဒေါ်စုနှင့် ဦးရွှေမန်းတို.သည့် တကယ့် လက်တွေ.မှာ ဦးသိန်းစိန်လောက် သိသာ မြင်သာတဲ့ လုပ်ဆောင်ချက်တွေ ဖော်ဆောင် နိုင်မလားဆိုရာဝယ် မေးစရာတွေ ဖြစ်မည် ဖြစ်ပါသည်။

စစ်တပ်ကလဲ လက်ခံ ပြည်သူနှင့် နိုင်ငံတကာကလဲ လက်ခံသူ အားပေး ထောက်ခံ အသိအမှတ် ပြုခြင်း ခံထားရသူ ဦးသိန်းစိန်သာ နောက်တကြိမ် သမ္မတ သက်တမ်း ဆက်ပြီး တာဝန်ယူခြင်းကသာ လက်ရှိ ဖြစ်ပေါ်နေသော ဖော်ဆောင်နေသော အပြောင်းအလဲနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အရှိန် ကောင်းစေမည် ခရီး တွင်စေမည် ဖြစ်ပါသည်။

သို.သော် အခုတော့ နောက်ကွယ်ကနေ နိုင်ငံရေး လုပ်ကြံမှု ဖိအားပေးမှု အကြပ်ကိုင်မှု ခြေထိုးမှုတွေကြောင့် သမ္မတကြီး ဦးသိန်းစိန်သည် နောက်ထပ် ၁နှစ်ခွဲ ကျော်ပဲ သမ္မတလုပ်တော့မည် ဖြစ်ပြီး နောက်တကြိမ် သမ္မတ သက်တမ်း ကို အရွေးမခံတော့ဘူး လက်မှတ် ထိုးပေးလိုက်ခြင်းဟာ မြန်မာပြည်သူတွေအတွက် မကောင်းတဲ့ အ မင်္ဂလာ သတင်းတခုသာ ဖြစ်ပါသည်။

အထူး ၀မ်းနည်းမိပြီး သမ္မတ လုပ်ချင်လို. ခြေထိုးနေသူတွေရဲ့ လုပ်ရပ်ကို လည်း ပြည်သူတွေ မြင်အောင် ဖော်ဆောင် ဖော်ကောင် လုပ်ရမည်သာ ဖြစ်ပါသည်။

(Udp Myanmar Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...