Pages

Sunday, July 28, 2013

မြန်မာ့ ပထမဆုံး ကောင်းကင်ရထား စီမံကိန်း စတင်မယ်

မြန်မာနိုင်ငံမှာ ပထမဆုံး ကောင်းကင်ရထား( Cable Car) ပြေးဆွဲဖို့ စီမံကိန်းကို စတင်ရေးဆွဲနေပါပြီ။
ကောင်းကင်ရထား စီမံကိန်းကို ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင် ဘုရားကို အလွယ်တကူ တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်တဲ့။ မလေးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားတဲ့နေရာတခုက ကောင်းကင်ရထား၊
ဓာတ်ပုံ- interestingplace1.blogspot.comလာမယ့် ၂ လမှာ စီမံကိန်းကို စတင်မှာဖြစ်ပြီး တည်ဆောက်မှုကာလ ၁ နှစ်ကြာမယ်လို့ ဦးဆောင်လုပ်ကိုင် တဲ့ မလေးရှား ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသက မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။

ဇွဲကပင်တောင် ဂေါပကအဖွဲ့ရဲ့ အဓိက စိုက်ထုတ်ငွေတွေနဲ့ စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပြီး အစိုးရတွေ အပိုင်းကလည်း အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းကင်တောင်တက် ရထား စီမံကိန်းကို မလေးရှား ပညာရှင်တွေနဲ့ Alan Lakawi Company က တည်ဆောက်မှာဖြစ် ပြီး ကုန်ကျ စရိတ် အမေရိကန် ဒေါ်လ ၂၂ သန်းကျော်ကုန်ကျမယ်လို့ ခန့်မှန်းထား တယ်လို့ ဆိုပါတယ်။

စီမံကိန်းအတွက် မြန်မာအလုပ်သမားတွေကိုပဲ အဓိက အသုံးပြုမှာဖြစ်ပြီး မလေးရှား ပညာရှင်တွေအနေနဲ့ ကြီးကြပ်တဲ့ အပိုင်း လောက်ပဲ တာဝန်ယူလုပ်ကိုင်မှာဖြစ်တယ်လို့ ပီနန်ဆရာတော်ကြီးက မိန့်ထားပါတယ်။

စီမံကိန်းတည်ဆောက်ပြီးစီးသွားပြီဆိုရင် အရင်က ဇွဲကပင်တောင်ပေါ်က ဆံတော်ရှင် ဘုရားပေါ်ရောက် ဖို့ ပေ ၂ ထောင်၊ ၃ ထောင်လောက် ခြေလျင်တက်ရတဲ့ အနည်းဆုံး ၂ နာရီကျော် ၃ နာရီ ခရီးက အချိန်တို အတွင်း တောင်ပေါ်ကို ကောင်းကင် ရထားနဲ့ ရောက်ကြရတော့မှာပါ။

ဒီစီမံကိန်းကြောင့် ဘုရားဖူးဧည့်သည်တွေအတွက် သက်တောင့်သက်သာ ဖြစ်ရုံသာမက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအ တွက်လည်း အများကြီး အထောက်အကူဖြစ်မှာပါ။ ဒီအပြင် အခြားသော ဆက်စပ် စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။

The Irrawaddy's Blog by အိမ့်သံစဉ်


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...