Pages
▼
Saturday, July 27, 2013
အဆိုတော် လင်းလင်းသိစေရန် ဒဲ့ပေးစာ
ကဲ..မောင် လင်းလင်းရေ ခင်ဗျားကို တော့ ကောင်းချီးကောင်းကောင်းပေး ရတော့မယ်..။
ကျုပ် အရင်ဆုံးပြောချင်တာက ကျုပ် NLD ကမဟုတ်သလို ၊ ကြံ့ဖွံ့ ကလဲ မဟုတ်ပါဘူး..
(အရင်ရှင်းအောင် ပြောထားတာပါ)
" မန္တလေးမြို့ သေဆုံးခြင်း "ဆိုတဲ့ ခင်ဗျားရဲ့ သီချင်း......
ကျုပ်ကိုယ်တိုင် မျက်ရည်တွေ ကျခဲ့မိတယ်..မခံစားနိုင်လို့  နောက်ကျနေတဲ့ အသိတွေနဲ့ အတူ လက်သီးကို ကျစ်ကျစ်ပါနေအောင် ညှစ်ဆုပ်မိခဲ့တယ်.....
နိုင်ငံတော် သီချင်းလေးနဲ့  အဆုံးသတ်မှာ ကျုပ် မခံစားနိုင်ခဲ့ဘူး ကျုပ် မျက်ရည်ကျခဲ့တယ် ကျုပ် မြို့ အတွက်.....။ပြီးတော့ ကိုယ်တိုင် သံဓိဌာန် တစ်ခု ချခဲ့တယ် ကျုပ်နေတဲ့  မြို့ အတွက် ။
အဲဒီအတွက် အရမ်းကျေးဇူးတင်တယ်ဗျာ...အဲဒီအချိန်က စပြီး လင်းလင်း ဆိုတာ ကျုပ်စပြီး သိခဲ့သလို ခင်ဗျားရဲ့ စိတ်ဓါတ်ကိုလဲ ကျွန်တော် လေးစားခဲ့ပါတယ်...။ပြည်သူကို မျက်စိတွေ ဖွင့်ပေးခဲ့တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဆိုပြီးတော့ပေါ့........။
" သံမဏိလိပ်ပြာ "သီချင်းကျုပ်နားထောင်တယ်........
အမှန်တိုင်းပြောရရင် ကျွန်တော် အမေစုကို ကျွန်တော် တင်းနေတယ်ပေါ့ဗျာ...မျှော်သလောက် မပေါက် ထင်တိုင်းဖြစ်မလာခဲ့သေးလို့ ခုချိန်ထိပေါ့..။ ကျွန်တော်တင်းတာ ကျွန်တော်အတွက် မဟုတ်ဘူးနော်..ပြည်သူအတွက်ပါ..။
"သံမဏိ လိပ်ပြာ " သီချင်းလေးက ကျွန်တော့်ရဲ့  တင်းအားတွေကို ပြေလျော့စေတယ်....နားလည်မှု့ တွေ အတွက် တစ်ချို့ တစ်ချို့ ကို အရည်ပျော်စပြုလာတယ်..။အဲဒီအတွက် အနုပညာရဲ့  စွမ်းအားကို ကျွန်တော် သတိထားမိလာတယ်..။ ခင်ဗျားရဲ့  NLD မှာ လှုပ်ရှားမှု့ တွေ နဲ့ အတူ ခင်ဗျားဟာ လူတော် တစ်ယောက်လို့  ကျွန်တော် ချီးမွမ်းမိခဲ့ပါတယ်...။
"အိမ်မက်ထဲက စစ်သားကြီး " အဲဒီသီချင်း လေး....ကျုပ်နားထောင်ခဲ့တယ်...။ ခင်ဗျားရဲ့  မှိုင်းမိနေတဲ့ အသိနဲ့  အစွန်းရောက်နေတဲ့ လက္ခဏာတွေကို ကျုပ်မြင်ခွင့်ရခဲ့တယ်..။ ခင်ဗျားမှာ အသိတစ်ခုထဲနဲ့  မှိုင်းမိနေတယ်...။ခင်ဗျားသိထားသင့်တာက လောက မှာ တစ်ဦးတစ်ယောက်ထဲအတွက် အလုပ်မလုပ်ရဘူးဗျ..။ အဲဒါပါပဲ..။အလုပ်လုပ်တိုင်းဟာ ပြည်သူ့ အတွက်ပဲ ဖြစ်ရမယ်..။
ကျုပ် စစ်သားဆိုတာ ကို ခင်ဗျားကို အရင် ပြောပြမယ်.....
ခင်ဗျား ချစ်တဲ့ NLD က ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖေ ကျုပ်တို့  လွတ်လပ်ရေးဖခင် အဲဒီလူ စစ်သားဗျ...မှတ်ထား.။ သူ လူလူချင်းသတ်ပြီး မြန်မာဆိုတဲ့ နာမည်ကို ကမ္ဘာမြေပုံပေါ်မှာ တင်ပေးနိုင်ခဲ့တာ ခင်ဗျား နဲနဲလောက် ခေါင်းလေးသုံးပြီး စဉ်းစား...။
ကျွန်တော်တို့  မြန်မာနိုင်ငံသမိုင်းမှာ စစ်သားဆိုတာ အမိန့် နာခံရသူပါ..။ကိုယ်ကျိုးစွန့် ထားပြီးသား ယောင်္ကျားကောင်းတွေပါ..။ သမိုင်းကောင်းတွေ အခိုင်အမာရှိပါတယ်..။
နောက်တစ်ခုက စစ်သားဆိုတာ ပြည်သူကနေ မွေးဖွားပေးလိုက်တဲ့  ပြည်သူ့  သားကောင်းတွေပါ..။
နောက်တစ်ခုက စစ်တပ်ဆိုတာမပေါ်ခင်က တက္ကသိုလ်ကျောင်းသားတွေ က နေ ဂျပန်မှာ စစ်ပညာသင်ပြီး BIA တို့  BDA တို့ ပေါ်လာတာလဲ တက္ကသိုလ်ကျောင်းသား ကြီးတွေ ကမွေးထုတ်ခဲ့တယ် ဆိုတာလဲ မမှားပါဘူး..။
အဲတော့ စစ်သားဆိုတာ မူလတက္ကသိုလ်ကျောင်းသားကြီးများရဲ့  တစ်ဆင့်မြင့် မျိုးဆက်သစ် တွေပါ..။
ခင်ဗျားပြောချင်တာကို ကျုပ်နားလည်ပါတယ်...ခင်ဗျား နားမလည်တာက အုပ်ချုပ်သူနဲ့  အုပ်ချုပ်ခံ ဆိုတာပဲဗျ..။ အမိန့် ပေးတဲ့ သူ နဲ့  အမိန့် နာခံရသူ ကို ခင်ဗျား ကွဲအောင် မြင်ရမယ်ဗျ..။
ကျုပ်သာ ခင်ဗျား သီချင်းအသံသွင်းခန်းရဲ့  အပေါက်ဝမှာ သာ ရှိနေခဲ့မယ်ဆို ရင် ခင်ဗျားဒီသီချင်းကို အသံသွင်းပြီးထွက်လာတာနဲ့ တပြိုင်နက် ခင်ဗျားကို ကျွန်တော် လက်မ ကို အားရပါးရ အောက်ကို စိုက်ပြပြီး ဂုဏ်ပြုပေးလိုက်မယ်..။ နောက်ဆက်တွဲကတော့ လက်ခလယ်လေး တစ်ချောင်းထဲကို ထောင်နေအောင် ပြပြီး ကျုပ်မျက်စိအောက်ရှေ့ က ခင်ဗျား ဖြတ်မသွားမခြင်း ပြနေမိမှာအမှန်ပါ..။ ကျုပ်မလုပ်သင့်တာကို သေချာ လုပ်ပြတာပါ...အကြောင်းကတော့ ..ခင်ဗျားလုပ်ခဲ့တာ မလုပ်သင့်ဘူးဆိုတာကို ပေးတဲ့ ကျုပ်ရဲ့ Alarm Message ပေါ့..။
26.7.2013
From: ဘစည်(စင်ကာပူ)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...