Pages

Wednesday, July 24, 2013

အင်တာနက်သုံးလို သူများအတွက် သတင်းကောင်း

လာမယ့်လ ၁ ရက်နေ့ကစပြီး GSM, WCDMA ဖုန်းတွေ မက်ဆေ့စ်ပို့ပြီး အင်တာနက်လျှောက်လို့ရပါပြီ။
အရင်က ဖုန်းနဲ့အင်တာနက်သုံးဖို့ ဆိုရင် လူကိုယ်တိုင်သွားရောက်လျှောက်ထားဖို့ လိုပါတယ်။
ကိုယ်တိုင်မလျှောက်ချင်တဲ့သူတွေကတော့ကြားပွဲစားဖုန်းဆိုင်တွေကတစ်ဆင့်လျှောက်ကြပါတယ်။

ဒီ့အတွက်ဝန် ဆောင်ခတွေဘာတွေ ကုန်ရပါတယ်။
အခုလို မက်ဆေ့စ်ပို့ပြီး လျှောက်ထားနိုင်ပြီ ဆိုရင်တော့ ကြားပွဲစားခပေးစရာမလိုဘဲ ဆောင်ရွက်နိုင်ပါပြီ။

အခုစနစ်အရ အင်တာနက်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ ကျပ်ငွေ ၁၀,၀၀၀ ကို အရင်ဖြည့် သွင်းထားရပါမယ်။
ပြီးရင် 1331 ကိုနှိပြီး SMS ပို့ရမှာပါ။
 “You have order data service successfully” ဆိုတဲ့စာကို ပြန်ရပြီဆိုရင်  အင်တာနက်ကို စပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ထည့်ထားတဲ့ငွေထဲက ၁၀,၀၀၀ ကို ဖြတ်ယူသွားမှာပါ။

မိုဘိုင်းဖုန်းသုံးပြီး အွန်လိုင်းတက်ဖို့ စဉ်းစားနေသူများအတွက်တော့ ဒါ သတင်းကောင်း ဖြစ်ပါလိမ့်မယ်။
From:ဧရာ ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...