Pages

Wednesday, July 17, 2013

ဆိုတေး နှစ်ရက်အတွင်း သတိပြန်မရပါက ဘန်ကောက်တွင် ကုသမည်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ဆိုတေးအားနှစ်ရက်အတွင်း သတိပြန်လည် လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေကြကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြား လိုက်သည်။

ရန်ကုန်မှ မန္တလေးတောင်သာဘက်သို့အသွား မိတ်္ထီလာအမြန်လမ်းမပေါ်တွင် ဇူလိုင် ၁၄ ရက်က ဖြစ်ပွား ခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့် ဆိုတေးသည် ဦးခေါင်း၊ လည်ပင်းနှင့် ခြေထောက် တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဦးနှောက်အား ခွဲစိတ်ကုသမှု ခံယူရာတွင် အောင် မြင်မှုရရှိခဲ့သော်လည်း ဇူလိုင် ၁၅ရက် ညနေ ၆ နာရီအထိ သတိပြန်လည် လာခြင်း မရှိပေ။

“ဦးခေါင်းကို ၄၁ချက် ချုပ်လိုက်ရတယ်။ ခြေထောက်က အဆိုးရွားကြီးတော့မဟုတ်ပါဘူး။ ဆရာဝန်ကြီး ကတော့  စိုးရိမ်ရတဲ့အနေအထားက လွတ်မြောက်သွားပြီလို့တော့ ပြော တယ်။ နှလုံးခုန်နှုန်း ကလည်း အခုဆို ၁၃၇ လောက်ဖြစ်လာပြီ”ဟု လူရှင်းမောင်က ဆိုသည်။

ဆိုတေးအားလက်ရှိတွင် ICU ထဲတွင်သာထားရှိဆဲဖြစ်သည်။ ဆိုတေးသည် ယခုနှစ်ပွင့်လင်းရာသီတွင် “မင်္ဂလာပါ ဆိုတေး” အမည်ဖြင့် တေးစီးရီးထွက်နိုင်ရန် ပြင်ဆင်ဆဲကာလတွင် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။

From: Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...