မလေးရှား နိုင်ငံမှပြန်လာမည့် မြန်မာလုပ်သား ၄ဝဝနီးပါးခန့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ၏အခမဲ့လေယာဉ်စင်းလုံးစီစဉ်မှုဖြင့် ပြန်လာရန် ကျန်ရှိနေသေးကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်းမှ ပြန်ကြားရေး တာဝန်ခံ မအေးမရသာက''မလေး ကပြန်လာ မယ့် မြန်မာအလုပ်သမား ၄ဝဝကျော်လောက်စာရင်း ကျန်နေသေးတယ်။ တစ်ပတ် နှစ်ပတ်လောက်တော့(ဩဂုတ်အတွင်း)ကြာမယ်ထင်တယ်။ လေယာဉ်တစ်စီးကို လူ ၁ရဝကျော်လောက်တော့ပါလာမယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း MAI မှ မလေး ရောက် မြန်မာအလုပ်သမားများအား အခမဲ့ စင်းလုံးလေယာဉ်ဖြင့် သုံးကြိမ်ပို့ဆောင်ပေးခဲ့ပြီး ကမ္ဘောဇ ဘဏ်လီမိတက်၊ သီတဂူဆရာတော်ဘုရားကြီး တို့မှ အဓိကကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ MAI လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမား ၃ဝဝဝခန့် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း မအေးမရသာ က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ် သမားများကို ပြည်တွင်းတွင် အလုပ်အကိုင်ရ ရှိရန် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်အကိုင်ကျွမ်းကျင်မှုအပေါ်မူတည်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးလျက်ရှိကြောင်းသိရသည်။
Yangon Media Group

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...