ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Group က တစ်နိုင်ငံလုံးတွင် ဆင်းမ်ကတ် ဝယ်ယူရရှိနိုင်မည့် နေရာခုနှစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ်များအတွက် နေရာ တစ်သိန်းခန့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။ “ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်တွေကို ဝယ်ယူနိုင်မည့် နေရာကို တစ်နိုင်ငံလုံးမှာ ခုနှစ်သောင်းနီးပါး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဆင်းမ်ကတ်ကို ဝယ်ပြီး
ထပ်ပြီးတော့ ငွေဖြည့်ကတ် ဝယ်ယူနိုင်ဖို့အတွက်ကို နေရာကိုးသောင်းကနေ တစ်သိန်းအထိ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟု မစ္စတာ Petter Furberg က ပြောသည်။
ရှစ်လအတွင်း ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုတွင် 2G နှင့် 3G နှစ်မျိုးစလုံးကို လုပ်ဆောင်သွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကွန်ရက်နှစ်မျိုးစလုံး တပ်ဆင်သွားမည်ဖြစ်ပြီး 3G အသုံးပြုမှုများသည့် နေရာများသာမက အင်တာနက် အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ငါးနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို တစ်နိုင်ငံလုံး အသုံးပြုရာတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုများ သာမက အင်တာနက် အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ကွန်ရက်များ ဆောင်ရွက်မှု ပြီးစီးပါက မိုဘိုင်းလ်ဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ အောက်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခ အနေဖြင့်လည်း တစ်မိနစ်လျှင် ၂၅ ကျပ်ထက် လျော့နည်းသည့် ဈေးနှုန်းဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း Telenor Myanmar မှ အမှုဆောင်အရာရှိချုပ်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...