Pages

Tuesday, July 30, 2013

သူရဦးရွှေမန်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကရာထူး လွှဲပြောင်းရယူမည်

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသ ည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ရာထူးလွှဲပြောင်းရယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခမ်းအနားဖြင့် လက်ခံမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု ဝန်ကြီး များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားပြီး တက်ရောက်ခြင်း ရှိ မရှိ ကိုမူ လွှတ်တော် သို့ အကြောင်းပြန်ထားခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြား သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတော် သမ္မတအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က ဒုတိယအကြိမ် ပြောကြား ထားသည်။

ပြည်ထောင်စု လွှတ်တော် လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်မည့် သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ပြီး သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်နိုင်ရန်အတွက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပေးသွားမည်ဖြစ်ကာ လက်ရှိ တွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်နေကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ကျန်သက်တမ်း ၂ နှစ်ခွဲတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည်ဖြစ်သည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ထမ်းဆောင်နေသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...