Pages

Tuesday, July 16, 2013

မြန်မာက ဖမ်းထားတဲ့ မြောက်ကိုးရီးယားတွေကို ကယ်တင်ဖို့ အခက်ကြုံနေရ

ဇူလိုင်လ ၁၆ ရက် ၂၀၁၃
     မြန်မာနိုင်ငံက လက်နက်ကိုင် တိုင်းရင်းသားတွေက ဖမ်းစီးထားပြီး မူးရစ်ဆေးဝါး စိုက်ပျိုးရေးတွေမှာ ခိုင်းစေထားတဲ့   မြောက်ကိုးရီးယား နိုင်ငံသား ၆၄ ယောက်ကို ကယ်တင်ဖို့ အတွက် တောင် ကိုးရီးယားနိုင်ငံက အစိုးရမဟုတ်တဲ့ NGO အဖွဲ့တဖွဲ့က အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။မြောက်ကိုးရီးယား နိုင်ငံသား ၆၄ ယောက်ဟာ တာချီလိတ် အရှေ့
  မြောက် ဘက် ပိုင်း   ဒေသတခုမှာ ဖမ်းစီးခိုင်းစေ ခံနေရတာ ၉ နှစ်ရှိသွားပြီလို့ တောင်ကိုးရီးယားနိုင်ငံက သင်းအုပ်ဆရာ KIM Hee Tae က ပြောပြ ပါတယ်။ မြောက်ကိုးရီးယား နိုင်ငံသားတွေဟာ ငတ်ပြတ်မှုဘေးဒါဏ်ကနေ တောင်ကိုးရီးယား နိုင်ငံထဲကို ထွက်ပြေးဖို့အတွက် တိုက်ပွဲတွေ ထူပြောတဲ့ ထိုင်းမြန်မာ နယ်စပ်ကနေတဆင့် တထောက်နား သွားဖို့ ကြိုးပမ်းခဲ့ရာက အခုလို အဖမ်းခံထား ရတာဖြစ် ပါတယ်။



       မြောက်ကိုးရီးယား နိုင်ငံသား တွေကို လွှတ်ပေးဖို့ လက်နက်ကိုင်သောင်းကျန်းသူတွေက တဦးလျှင်ဒေါ်လာငွေ ၅ထောင်တောင်း ဆိုထားတဲ့ အတွက် တောင်ကိုးရီးယား NGO တွေ က အခက် အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ NGOတွေက ဒီငွေတွေ ရ နိုင်ဖို့ ရံပုံငွေ ရှာမယ်ဆို ရင်လဲ ကမ္ဘာကို အသိ ပေး ပြီး ရှာရ မှာဖြစ်တာကို သူပုန်တွေက မလိုလားပဲ၊ သိုသိုသိပ်သိပ်ဘဲ ထားစေချင်တဲ့ အတွက် အခက်တွေ့ နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုးရီးယား နိုင်ငံသား ၆၄ ယောက်ထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်ပြီး သူတို့ ကို အရက်ချက်စက်ရုံတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးရုံတွေ၊ ပြည့်တာဆာ လုပ်ငန်းတွေ လုပ်ခိုင်းပြီး အမျိုးသားတွေ ကိုတော့ ဘိန်းခင်းတွေမှာ ခိုင်းစေထားတယ်လို့ သိရပါတယ်။

    ၁၉၅၃ခုနှစ် ကိုးရီးယားကျွန်းဆွယ် စစ်ပြီးနောက်ပိုင်း မြောက်ကိုးရီးယား နိုင်ငံသားတွေဟာ တရုတ်နိုင်ငံထဲ ကနေ တဆင့်   တောင်ကိုးရီးယား နိုင်ငံကို ထွက်ပြေး နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက မြောက်ကိုးရီးယားနိုင်ငံသားတွေ ကို   မြောက်ကိုးရီးယား နိုင်ငံထဲ ပြန်ပို့လေ့ရှိတဲ့အတွက် လမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံဖက်က တဆင့် တောင်ကိုးရီးယားနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့အတွက် ကြိုးစားရင်း အခုလို မြန်မာပြည်တွင်းက လက်နက်ကိုင် တိုင်း ရင်းသားတွေ လက်ထဲ ရောက်သွားတာဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံကို ပြန်ပို့ခံရသူတွေဟာ ပြင်းထန်စွာ အရေးယူမှုတွေ ခံရလေ့ရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ABC Radio

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...