Pages

Saturday, July 13, 2013

စည်ပင်ဝန်ထမ်း အယောင်ဆောင် ငွေတောင်းခံသူကို အမှုဖွင့်


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဌာနမှူး ဦးမင်းအောင်ဖြိုး၏ နေအိမ်သို့ ဇူလိုင်လ ၉ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်း အယောင်ဆောင်ကာ ငွေကြေးလိမ်လည် တောင်းခံခဲ့သူအား အမှုဖွင့်ခဲ့ကြောင်း ယင်းဌာနမှူး ဦးမင်းအောင်က ပြောကြားသည်။

အဆိုပါ ငွေကြေးလိမ်လည် တောင်းခံသူ အောင်နိုင်ဝင်း ၃၃ နှစ်သည် လွန်ခဲ့သည့်နှစ် များတွင်လည်း ယင်းသို့လာရောက် တောင်းခံခဲ့သဖြင့် အမှုဖွင့် တိုင်ကြားခဲ့ပြီး လွတ်မြောက်လာကာ ယခုအကြိမ်တွင် တတိယအကြိမ်မြောက် အဖြစ် လိမ်လည်တောင်းခံခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"အရင်တုန်းက ဆိုရင် သန့်ရှင်းရေးဝန်ထမ်း အယောင်ဆောင်ပြီး ငွေလာလိမ်တောင်းတယ်။ တခြားနေရာ တွေမှာလည်း စည်ပင်က ဘာမှလုပ်မပေးတဲ့ ပုံစံမျိုးနဲ့ လိမ်တောင်းတယ်။ အခုလည်း စည်ပင် ဝန်ထမ်းတစ်ဦး သေသွားလို့ဆိုပြီး လာတောင်းတယ်" ဟု ဦးမင်းအောင် ကဆိုသည်။

အဆိုပါ ဝန်ထမ်းအယောင်ဆောင်၍ ငွေလိမ်လည်တောင်းခံ သူကို ယင်းကော်မတီ သန့်ရှင်းရေး ဌာနခွဲမှူး ဦးစိုးတင့်အောင်က အောင်မြေ
သာစံမြို့နယ် အမှတ်(၁) ရဲစခန်းက (ပ)၁၃၃/၂၀၁၃ ပုဒ်မ ၁၇၀ အရ အမှုဖွင့်တိုင်ကြားထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...