
ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း တောင်ဘဇား ဒေသတွင် ခမရ ၅၆၄ ၀င်ရောက် အထိုင် နေရာယူထားပြီး ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် ဆက်စပ် ဒေသများတွင် ခမရ ၅၆၅ နှင့် ခမရ ၅၃၇ တို့မှ ၀င်ရောက် လူပ်ရှားနေသည်ဟု ဆိုသည်။
မောင်တောမြို့နယ် တောင်ပိုင်းတွင် ခမရ ၃၅၂၊ ခမရ ၃၅၃ နှင့် အလယ်သံကျော် အ၀ိုင်းတွင် ခမရ ၅၃၅ က တာဝန်ယူ လူပ်ရှားနေသည်ဟု ဆိုသည်။
အဆိုပါ ဒေသသည် ပင်လယ်ပြင် ထွက်ပေါက် ဖြစ်သဖြင့် စစ်ကြောင်းများမှ အခါမလပ် လူပ်ရှားနေသည်ဟု ဆိုသည်။
ယင်းပြင် မြန်မာ-ဘင်္ဂလာ နယ်စပ် အနီးတွင် တည်ရှိသော တောင်ပြိုတွင် စစ်ဗျူဟာ တစ်ခု ယာယီ ထိုင်ထားသည်ဟု သိရသည်။လက်ရှိ တပ်မဟာ (၁၅) တပ်မမှူးမှာ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဖြစ်ပြီး ဘူးသီးတောင် မှ နေပြီး ကွပ် ကဲနေကြောင်း ဆိုသည်။
မြန်မာ- ဘင်္ဂလာဒေခ်ျ့- အိန္ဒိယ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော ပလက်ဝ
မြို့နယ်တွင် တောင်ကုတ် အခြေစိုက် တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိနေပြီး အိန္ဒိယ နယ်စပ် အနီးရှိ သရော်အိုင်တွင် စစ်ဗျူဟာ (၂) ကို ထိုင်
ထားကြောင်း သိရသည်။
ယခု တပ်များ နေရာယူထားမူသည် လက်ရှိ ထွက်ပေါ်လာသော နယ်စပ်တွင် အကြမ်းဖက် အုပ်စုများ သတင်းကြောင့် မဟုတ်ဘဲ ရခိုင်တွင် ပေါ်ပေါက် ခဲ့သော ဆူပူ အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီး နောက်ပိုင်းမှ စ၍ နေရာယူ လူုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။
နစကကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း နစက အခြေစိုက် စခန်းများတွင် လုံထိန်း တပ်ရင်း (၃) ရင်းဖြင့် အစားထိုးလိုက်ပြီး အဆိုပါ လုံထိန်း တပ်ရင်းများမှာ စစ်တွေ အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၁၀)၊ ဘူးသီးတောင် အခြေစိုက် လုံထိန်း တပ်ရင်း (၁၃) နှင့် မောင်တော အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၂) တို့
ဖြစ်ကြသည်။
နယ်စပ် လုံခြုံရေး သတင်း ရပ်ကွက်အရ လုံထိန်း အမှတ် (၂) တပ်ရင်းအနေဖြင့် ယခင် နစက နယ်မြေ အမှတ် ၁ ၊ အမှတ် ၂ နှင့် အမှတ် ၃ တို့ကို တာဝန်ယူ သွားမည် ဖြစ်ပြီး
လုံထိန်း တပ်ရင်း အမှတ် (၁၃) အနေဖြင့် အမှတ် ၄၊ အမှတ် ၅ နှင့် အမှတ် ၆ နယ်မြေများကို တာဝန်ယူသွာမည်ဟု သိရသည်။အမှတ် ၆ မှ အမှတ် ၉ ထိ နယ်မြေများကို လုံထိန်း တပ်ရင်း အမှတ် (၁၀) မှ တာဝန်ယူသွား မည် ဖြစ်ကြောင်း သိရသည်။
From: Narinjara
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...