လွန်ခဲ့တဲ့ နှစ်၂ဝကျော်က သရုပ်ဆောင် မေဝင်းမောင်ရဲ့ ဇာတ်ကား တစ်ကားဖြစ်တဲ့ “ကြည်ပြာ” ဇာတ်ကားမှာ တေးသံရှင် သျှီက ကလေး သရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့ ပါတယ်။
မိဘမဲ့ ကလေးငယ် တစ်ဦး ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ခဲ့တဲ့ သျှီက ထိုစဉ်အခါ က ၃နှစ် သမီး အရွယ်ပဲ ရှိပါသေး တယ်။
သျှီက “ကြည်ပြာ” ဇာတ်ကားထဲ မှာတော့ ခင်နှင်းဖြူ ဆိုတဲ့ နာမည် နဲ့ ပါဝင် သရုပ်ဆောင်ခဲ့ ကြောင်းလည်း သိရပါတယ်။
“အဲဒီတုန်းကတော့ ငယ်သေးတော့ သိပ်တော့ မမှတ်မိဘူး။ အဲ့ဒီမှာ မှတ်မိတာက ငိုတဲ့ အခန်း တွေပါ တော့ ငိုတဲ့ အခန်းရောက်ရင် ငိုလို့မရရင် ဦးထွန်းထွန်းဝင်း တို့ အန်တီ မေဝင်းမောင် တို့က ချီထားရင်းနဲ့ အသာလေး ဆိတ် ဆိတ်ဆွဲ ရတယ် ပြောတယ်။ ငိ...ုအောင် လို့လေ။ အန်ကယ် ထွန်းထွန်းဝင်းက သျှီ့ကို တွေ့ရင် အဲဒီတုန်းက သရုပ်ဆောင် တဲ့ ကောင်မလေး ဆိုပြီး အံ့သြတယ်။ ခုလို အန်တီမေဝင်းမောင် ပြန်လာမယ် ဆို ရင် ဝမ်းသာပါတယ်။ သူသျှီ့ကို မှတ်မိချင်မှ မှတ်မိပေမယ့် အခွင့် သာရင်တော့ သူနဲ့တွေ့ချင်ပါတယ်”လို့ သျှီက ငယ်စဉ်အခါ သူပါဝင် သရုပ်ဆောင် ဖြစ်ခဲ့ပုံ ကို ပြောပြခဲ့ပါ တယ်။
ရဲရဲ
Popular Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...