မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ ဇူလိုင် ၁၉ ရက်တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုနှင့် အာဇာနည်နေ့နှင့် ဆက်စပ်သည့် သတင်း အစီအစဉ်များကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထိုနေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားအား တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ် သည်။
ထို့ပြင် နံနက် ၁ဝ နာရီ ပြည်တွင်းသတင်း အပြီးတွင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ပြောကြား ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက် အစီအစဉ်အား ထုတ်လွှင့် ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအား အလေးပြုဂါရဝ အစီအစဉ်ကိုလည်း ထုတ်လွှင့်ပေးသွား မည် ဖြစ်သည်။
ည ၇ နာရီ ပြည်တွင်းသတင်း အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက် အစီအစဉ်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော် ဈာပနအခမ်းအနား ကျင်းပခဲ့ပုံ သတင်းမှတ်တမ်း အစီအစဉ်တို့ကို မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ စီစဉ် ထုတ်လွှင့်ပေးသွား မည် ဖြစ်ကြောင်း၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...