တိရစ္ဆာန်တွေပဲ သခင်အပေါ် သစ္စာ ရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်အပေါ် သစ္စာရှိတဲ့ သခင်တွေလည်း ရှိနေတတ်ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် Geelong မှာ နေထိုင်ပြီး မြင်းစီး ဝါသနာ ပါသူ ဖြစ်ပါ တယ်။ တစ်နေ့ ပုံမှန်ရက်များအတိုင်း Avalon ကမ်းခြေကို မြင်းစီး ထွက်ရာ ဒုက္ခ တစ်ခု ကြုံရပါတယ်။
ရွံ့ နွံ့ တစ်ခုတည်း ဝင်မိသွားခြင်း ဖြစ်ပါတယ်။ သူမ အနေနဲ့ တစ်ဦးတည်း ရုန်းထွက် လွတ်မြောက်နိုင်ပေမယ့် သူစီးလာတဲ့ မြင်းကို မထားခဲ့ရက်နိုင် ပါဘူး။ မြင်းအနေနဲ့ တဖြည်းဖြည်း နှစ်မြှုပ်ပြီး ခေါင်းပါ ရွံ့ အောက် ရောက် ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမ လက်နဲ့ မြင်းခေါင်းကို အပေါ် ပင့်ပေးထားရပြီး ကယ်သူကို စောင့်ဆိုင်းေ...နရပါတယ်။ သူမကတော့ ရွံ့ နွံ ကနေ အလွယ် တကူ ရုန်းထွက်နိုင်စွမ်း ရှိပါတယ်။ မြင်းကတော့ ခေါင်းအပေါ် ပင့်ထားမှာ သေဘေးမှာ လွတ်မြောက်ရမှာ ဖြစ်ပါတယ်။
သုံးနာရီလုံးလုံး မလွတ်တန်း ခေါင်းမ ထားပေးရပြီးမှ ကယ်သူများ ရောက်လာပါတယ်။ ၅၀၀ ကီလိုဂရမ် လေးတဲ့ မြင်းကိုလည်း ရွံ့ နွံက ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သုံးနာရီလုံးလုံး မြင်းရဲ့ အသက် ဆက်ရှင်ဖို့ ရွံ့ နွံထဲမှာ အတူ ရုန်းကန်ခဲ့တဲ့ သူမဟာလည်း သစ္စာရှိသော သခင်အဖြစ် လူသိများလာပါတယ်။
---
Ref:masefact
International news for myanmar
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...