Pages

Monday, July 29, 2013

အိုင်ဖုန်း ၅ ကြောင့်သေဆုံးရသူအမျိုးသမီး

 တရုတ်နိုင်ငံ၏လူသိများသော ဆီနာဝီဘိုဝက်ဘ်ဆိုဒ်တွင်အမျိုးသမီး တစ်ဦးက အသက် ၂၃နှစ်အရွယ်ရှိသူမ၏ညီမဖြစ်သူမာအီလွန် သည် အိုင်ဖုန်း ၅ ကို အားသွင်းထားစဉ်ဖုန်းခေါ်ဆိုခဲ့၍ ဓာတ်လိုက် သေဆုံးခဲ့ ကြောင်းရေးသားဖော်ပြလိုက်သဖြင့် အပ္ပယ်လ်ကုမ္ပဏီက ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သေဆုံးမှုနှင့် ပတ်သက်၍ အပြည့်အ၀စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် အပ္ပယ်လ်ကုမ္ပဏီ၏ပြောရေး ဆိုခွင့် ရှိသူအမျိုးသမီးကာရိုလင်းဝူ ကပြောကြားလိုက်သည်။ ဆင်ဝှာ သတင်းအေဂျင်စီကမူဒေသခံ ရဲတပ်ဖွဲ့ကမာ၏သေဆုံးမှုသည် ဓာတ်လိုက် သေဆုံးခြင်းဖြစ်ကြောင်းအတည်ပြုခဲ့သော်လည်း ဓာတ်လိုက်မှုသည်သူမ၏ဖုန်းနှင့် ပတ်သက်မှု ရှိ/မရှိကိုမူ အတည်ပြုရဦးမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

 မာ၏အစ်မဖြစ်သူကမူ အိုင်ဖုန်းကို အားသွင်းထားစဉ် ဖုန်းခေါ်ဆိုမှုမပြုကြပါရန် ၀ီဘို ၀က်ဘ်ဆိုဒ်မှတဆင့် သတိပေး ပြောကြားထားသည်။ မာမှာ တရုတ်တောင်ပိုင်းလေကြောင်း လိုင်းမှ လေယာဉ်အမှုထမ်းတစ်ဦး
ဖြစ်ပြီးမာ၏အစ်မဖြစ်သူက မာသေဆုံးမှုအတွက် အပ်္ပယ်လ် ကုမ်္ပဏီအနေနှင့်ဖြေရှင်းချက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လည်းရေးသား ထားသည်။

တရုတ်နိုင်ငံသည်အပ္ပယ်လ် ကုမ္ပဏီအတွက် ဒုတိယအကြီး မားဆုံးဈေးကွက်ဖြစ်ပြီး အိုင်ဖုန်းများနှင့် အခြား သော တရုတ်နိုင်ငံ တွင်ထုတ်လုပ်သည့်အပ္ပယ်လ် ကုမ္ပဏီ၏ပစ္စည်းများမှာလူကြိုက်များလျက်ရှိသည်။ သို့ရာ တွင် ဧပြီ လအတွင်းကကုမ္ပဏီသည်အထက် စီးနင်းဆန်သည်ဟု အစိုးရမီဒီယာများကဝေဖန်ရေးသားခဲ့ကြ သဖြင့် အမှုဆောင်အရာရှိချုပ်တင်မ်ကွတ်ခ် ကတောင်းပန်စကားဆိုခဲ့ရသည်။

တရုတ်ဘာသာဖြင့်ရေးသား ထားသောစာ၌ တင်မ်ကွတ်ခ်က နားလည်မှုလွဲမှားခြင်းကိစ္စရပ်များအတွက် အမှန်တကယ်တောင်းပန်ပါကြောင်း၊တရုတ်နိုင်ငံတွင် လုပ်ငန်းများလည်ပတ်ဆောင်ရွက် ရန်အတွက် ကုမ္ပဏီအနေနှင့်လေ့လာမှုများစွာပြုလုပ်ရဦးမည် ဖြစ်ကြောင်းရေးသားဖော်ပြခဲ့သည်။

The Hot News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...