မြန်မာအစိုးရက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ဇူလိုင်လ ၁၀ ရက်နေ့စွဲ နဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမည်ပြောင်းလဲမှု အမိန့် တခု ထုတ်ပြန်ပါတယ်။
အခွန်ကိစ္စဆိုင်ရာတွေအတွက် သီးသန့် ၀န်ကြီးဌာန အသစ်ဖွင့်ဖို့ ကိစ္စ မစီအစဉ် မရှိတဲ့ပုံပါဘဲ။ ဘဏ္ဍာရေး ၀န်ကြီးဌာနကပဲ အဆိုပါ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်မယ့် သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
အခုလို ၀န်ကြီးဌာန အမည်ပြောင်းလဲလိုက်တာကို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကနေ သဘောတူလိုက်လို့ အခုလို သမ္မတက လက်မှတ်ရေးထိုးပြီး အမည်ပြောင်းလဲမိန့် ထွက်ပေါ်လာတာပါ။ နိုင်ငံပိုင် သတင်းစာတွေမှာ ယနေ့ ဖော်ပြထားကြပါတယ်။
ဝန်ကြီးဌာန အမည်ကိုသာ ပြောင်းလဲလိုက်တာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး အစိုးရရဲ့ ပြောင်းလဲမှု အစိပ် အပိုင်း တခုလည်းဖြစ်မှာပါ။
ဧရာဝတီblog

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...