
၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ်
ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင်
သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိတည်းခိုနေပြီး
ခဏအကြာ အဆိုပါသူနှစ်ဦးမှာအရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်းထွက်စားနေကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာ ဘင်္ဂလားဒေရှ့် နိုင်ငံသားများဖြစ်သော Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ)Rjin Barua နှင့်
Antar Barua၊ (၂၉)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ
(ဘ) Dulal Barua တို့နှစ်ဦးဖြစ်ပြီး
ဘင်္ဂလားဒေရှ့်နိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်ရန်
ရောက်ရှိနေသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သင်္ကန်းဝတ်ဆင်၍ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်သူ
Parsujit Barua နှင့် Antar Barua တို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅-က ဖြင့် အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police News
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...