Pages

Sunday, July 7, 2013

သာဓု....သာဓု.....သာဓု....


၇-၇-၂၀၁၃ နေ့ နံနက် ဗုဒ္ဓဂါယာ ဗောဓိပင်အောက်တွင် ဗုံးပေါက်ကွဲမှုတွင် ဒါဏ်ရာ ရခဲ့သော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) အတွက် ပြန်လည် ဆေးကုသရန် စရိတ်များကို ကူညီပံပိုးပေးရန် ဓမ္မဒေါင်းလုပ်မိသားစုမှ ဝိုင်းဝန်း အလှုကောက်ခံပေးပါသည်။

 အရှင်ဝိလာသဂ္ဂ သည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ရသာရွာ ဇာတိဖြစ်ပါတယ်။ သီရိလင်္ကာက MA ပြီးခဲ့ပြီး အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ် Ph.Dကျောင်းသားလည်းဖြစ်ပါတယ်။ အခု ဂယာဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ စုံစမ်းလိုက +၉၁၇၇၈၂၀၇၆၅၂၃ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။




စကာင်္ပူတွင်ရှိကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်းတို့သည်..



အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...
၀၇၀-၀-၀၁၂၂၅၇
070-0-012257





အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com  သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...



၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ - ဗုဒ္ဓဂါယာတွင် ဗုံးထိခံရသော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ)။ အတွက်
၃) လွှဲသည့် ပမာဏ -





ယ္ခုလို လူနာများ ပြန်လည် ကျန်းမာလာအောင် ပံ့ပိုးပေးသော  အလှုတော်တွင် ပါဝင် လှုဒါန်းခြင်းကို ဓမ္မဒေါင်းလုပ် မိသားစုမှ အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ရှိပါသည်...

သူတော်ကောင်းများသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝလျှက် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ..


ဤသို့ပြုအပ်သော အလှုဒါနကို ဓမ္မဒေါင်းလုပ်မိသားစုများမှ ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆိုအပ်ပါသည်..

သာဓု....သာဓု.....သာဓု.......

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု...... ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......





ဤသို့ အများမှ စုပေါင်း လှုဒါန်းရသော ကောင်းမှုကံ စေတနာတို့ကြောင့် ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) သည်



- ကိုယ်သာနာ၍ စိတ်မနာဘဲ မြတ်စွာဘုရား သင်ကြားညွှန်ပြထားတဲ့ ဝိပဿနာတရားတွေကို ခန္ဓာမှာ ဥာဏ်စိုက်ပြီး ဝေဒနာတွေကျော်လွန်အောင် ရှုပွားနေနိုင်ပါစေ

- ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) သည် လျှင်မြန်စွာ ကျန်းမာ ချမ်းသာကြပါစေ

- ကမ္ဘာများစွာ အမှောင်ဖုံးခဲ့ရသော.. ဘဝများစွာ အပါယ်ဘုံတွင်ကျင်လည်နေကြရသော သတ္တဝါတို့၏ သံသရာ ဝဋ် ဆင်းရဲမှ ထွက်ရာလမ်းကို လမ်းညွှန်ပြသပေးသော မြတ်စွာဘုရား၏ သာသနာတော်ကြီးကို သက်တမ်းရှည် သထက်ရှည်အောင်.. မြတ်စွာဘုရား ပြသပေးခဲ့သော အေးချမ်းလှသော တရားတော်များကို လူတွေရဲ့ လက်တွေ့ ဘဝတွင်းသို့ ရောက်ရှိအောင် အကျိုးတော် ဆောင်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် အရှင်သူမြတ်တို့ ဘုရား....

http://dhammadownload.com/dhammadownload-news-buddha-gaya-boom-blast-2013-7-7.htm

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...