မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။ သို့သော်နိုင်ငံတော် သမ္မတမှ
အဆိုပါ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည့် အချက်များကို သဘောထား မှတ်ချက်ပေးကာ ပြည်ထောင်စု လွှတ် တော်သို့ ပြန်လည်ပေးပို့လာသဖြင့် ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတမှ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည့် အချက်များကို သဘောထား မှတ်ချက်ပေးကာ ပြည်ထောင်စု လွှတ်တော်သို့ပြန်လည်ပေးပို့ လာသဖြင့် ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်...
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင်ပါဝင်သည့် နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက် များနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကြည်မြင့်၊ ဦးနန်းခင်ပေါင်၊
ဒေါက်တာ ခင်ရွှေ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးဝင်းဦးတို့က ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးကာ
လွှတ်တော်၏အဆုံးအဖြတ် ရယူဆုံးဖြတ်ခဲ့သည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...