Pages

Tuesday, July 30, 2013

သမ္မတခရီးစဉ်၏ ရလာဒ်တစ်ခုကြောင့် ဗြိတိန်-မြန်မာ ပူးတွဲစစ်ရေး လေ့ကျင့်မှု သြဂုတ်လတွင် စမည်

သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရအရာရှိများ၏ သဘောတူညီချက်များအရ ဗြိတိန်-မြန်မာ တပ်မတော်များ ပူးတွဲလေ့ကျင့်ရေးကို လာမည့် သြဂုတ်လအတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ နိုင်ငံရေးဌာန ဒုတိယအတွင်းဝန် Mr.Joseph Fisher က ပြောကြားသည်။ ဗြိတိန်အစိုးရ၏ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့တပ်မတော်က တာဝန်သိသော၊ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန်နှင့် လူ့အခွင့်အရေးကို အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် အတွက် ရည်ရွယ်ကြောင်း ၄င်းက ရှင်းပြသည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းမှာ ဗြိတိန်အစိုးရက မြန်မာ့တပ်မတော်ကို အထောက်အပံ့များ ပေးအပ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပြည်တွင်း မငြိမ်မသက်မှုများကို အားပေးအားမြှောက် ပြုလုပ်ခြင်း မဟုတ်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုကို မည့်သည်နိုင်ငံတွင် ကျင်းပသွားမည်၊ မည်သို့ ကျင်းပမည် ဆိုသည်ကိုမူ အသေးစိတ် မသိရှိရသေးသော်လည်း နှစ်နိုင်ငံ ကြည်း၊ ရေ၊ လေတပ်များ ပူးတွဲစစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း Mr.Joseph Fisher ထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...