Pages

Sunday, July 28, 2013

မိခင်အလောင်းကို စားသောက်သူကို ရဲများက ဖမ်းဆီး

ဟင်းအိုးနှင့် ရေခဲသေတ္တာထဲတွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို  တွေ့ရှိခဲ့ရသည့် အတွက် မိခင်အလောင်းအားပြန်စားသည်ဟု သံသယဖြစ်ကာ လီနိုရန်ဇီဆိုသူအား ဖမ်းဆီးလိုက်သည့် အမှုအခင်းတစ်ခု အီတနိုင်ငံဆယ်လာနိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု နယူးယောက်နေ့စဉ် သတင်းဌာန က ဖော်ပြလိုက်သည်။လီနိုရန်ဇီသည် အသက် ၇၀ အရွယ်မိခင်ဖြစ်သူ မာရီယာပီယာနှင့် တစ်အိမ်တည်း နေထိုင် သူဖြစ်ပြီး နှစ် ပေါင်းများစွာ စိတ်ရောဂါဝေဒါနာခံစားနေရသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ရန်ဇီ၏ နေအိမ်အတွင်းမှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်နေသည်ကို အိမ်နီးချင်းများက စောဒက တက်သည့်အတွက် ရဲများမှ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်စုံစမ်းရာမှ ယခုကဲ့သို့တွေ့ခဲ့ရ ခြင်းဖြစ် သည်။

ဓာတ်ငွေ့များ ဆိမ့်ထွက်နေခြင်းအားတွေ့ရမည့်အစား လွန်ခဲ့သောသုံးရက်ခန့်အကြာက သေဆုံးခဲ့ပြီဟု ခန့်မှန်းရသော ၎င်း၏မိခင်ဖြစ်သူ၏ ခံန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရှိခဲ့ရသည်ဟု ရဲများကဆို သည်။

ရန်ဇီသည် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား ဟင်းအိုးထဲထည့်ပြုတ်နေသည့်အပြင် အခြား ဟင်းအိုးများနှင့် ရေခဲသေတ္တာများတွင်လည်း ထည့်သွင်းသိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ထို့ပြင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရသည်ဟု ထိုဒေသအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသူ မာရီယာပီယာသေဆုံးခဲ့သည့် အချိန်ကို တိတိကျကျသိရန် စစ်ဆေးမည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ရန်ဇီကို ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ပြန်လွှတ်ပေးခဲ့သည် မှာတစ်လခန့်သာရှိသေးသည်။

ရန်ဇီ၏ အိမ်အတွင်းသို့ ရဲများဝင်ရောက်ရှာဖွေရာ ၎င်းမှာအိပ်ယာပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လဲလျောင်း  နေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကိုဆေးစစ်မှုပြုလုပ်ရန် ဆေးရုံသို့ပို့ဆောင်ထားပြီဖြစ်သည်ဟု ဟပ်ဖင် တန် ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Ref: nydailnews
From:Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...