Pages

Monday, July 22, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင်လာပြီ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီ ဖြစ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဦးအောင်မင်းက အခုလို ပြောသွားတာပါ။ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်တဲ့ အဓိကကျတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က နိုင်ငံတော် သမ္မတ ၊ လွှတ်တော် ဥက္ကဌ ၂ဦး နဲ့ ကာကွယ်ရေး ဦးစီးချုပ် ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ နဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မယ့် ပြည်ထောင်စု ငြိမ်းချမ်းမူ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းနှစ်ဖွဲ့ ဖြစ်တဲ့ ကရင် အမျိုးသား အစည်းရုံး KNU နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်စီ RCSS/SSA တို့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကြေငြာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

From:rfa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...