Pages

Monday, July 15, 2013

ပရိသတ်ပေးတဲ့ ဆုတွေနဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းက City FM ကပေးတဲ့‘မက်လောက် စရာ’တေးစီးရီး၊‘မျက်လှည့်တေးစီးရီးများဖြင့်ရောင်းအား အကောင်းဆုံး တေးစီးရီးဆု၊ ပရိသတ်အတောင်းဆိုဆုံး အမျိုး သမီး တေးသံရှင်ဆု၊ ပတ္တမြား FM က ပေးတဲ့ Artist of the Year ဆုနဲ့ ရွှေFMကပေးတဲ့ R ဇာနည်နဲ့တွဲဖက် သီဆိုထားတဲ့ ‘လိုက်ဖက်တဲ့ ဘဝ’တေးသီချင်းဖြင့်လည်း ပရိသတ်အတောင်းဆိုဆုံး ဆုများကို ရရှိပိုင်ဆိုင် ခဲ့ပါတယ်။

ပရိသတ်တွေပေးတဲ့ဆုတွေကို ရရှိခဲ့တဲ့အပေါ် ဝိုင်းစုခိုင်သိန်း က “ဒါကတော့ပရိသတ်တွေပေးလို့ရတဲ့ ဆုတွေ ပါ။ ပရိသတ်တွေ မရွေးဘူးဆိုရင် ဘယ်လိုမှ မရနိုင်ဘူးလေ။ အဲဒီအတွက် ပရိသတ်တွေကို တအားကျေးဇူး တင်ပါတယ်။ ကိုယ်ထွက်လာပြီးသား သီချင်းကို သူတို့ ပြန်ပြီး ရွေးချယ်တဲ့ အပေါ် မှာ မူတည်ပြီး ရတာပါ။ ဘယ်ဟာပဲ ဖြစ် ဖြစ် ပရိသတ်အားပေးမှပဲရမှာပါ။ ပရိသတ်အားမပေးရင် ဒီဆုတွေဘယ်လိုမှမရနိုင်ပါဘူး။ ရောင်းအားအကောင်းဆုံးဆုကလည်းပရိသတ်တွေဒီအခွေကို ဝယ်လို့ရတာပါ။ အားလုံးကပရိသတ်တွေ ကြောင့် ရတာပါပဲ” လို့ ပြောပါတယ်။

အခုလိုမျိုးပရိသတ်တွေတောင်းဆိုကြ တဲ့ကဏ္ဍမျိုးတွေရှိတဲ့အတွက် ပရိသတ်တွေ ဘယ်သီချင်းကိုကြိုက်ပြီး ဘယ်လိုပုံစံမျိုးကို အားပေးတယ်ဆိုတာကို သိနိုင်တယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ဇူလိုင်လ ၂၂ ရက်နေ့မှာ အမေရိကကို ဖျော် ဖြေရေးသွားရောက်မှာဖြစ်ပြီး ၁လခွဲကြာ မှာဖြစ်ပါတယ်။ အမေရိက က ပြန်လာရင်တော့ တတိယစီးရီးဖြစ်တဲ့ ‘အာဘွား’ အခွေထွက်ရှိမှာဖြစ်ပြီး အမျိုးသားတေး သံရှင် ၁၄ဦးနဲ့ စုံတွဲတေး စီးရီး အခွေကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်တယ်လို့လည်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...