Pages

Friday, July 19, 2013

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်မည်

(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များအား ဖိတ်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မူ လွှတ်တော်ကိုယ်စားလှယ် များအား တက်ရောက်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ်ဖိတ်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြော ကြားသည်။


အာဇာနည်နေ့ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး တက်ရောက်ရန် လျာထားကြောင်း သိရသည်။

''အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့ အတွက် ၀မ်းသာမိပါတယ်။ အရင်နှစ်တွေက မဖိတ်ခဲ့ဘူး။ ကိုယ့်နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်တွေကို သွားရောက် ဂါရ၀ပြုရမှာ ဖြစ်တဲ့အတွက် ဂုဏ်ယူ
မိပါတယ်။ ပြည်သူ့လွှတ်တော် ဘက်ကလည်း ဒုတိယဥက္ကဋ္ဌ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ သိရပါတယ်။ အရင်ကတော့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖူးပါတယ်။
အခုတော့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ တက်ရောက်ရမယ် ဆိုတော့ ဂုဏ်ယူမိပါတယ်'' ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...