Pages

Tuesday, July 30, 2013

သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်လက်ထက် အများပိုင်ကုမ္ပဏီ ၆၀ ကျော် တိုးတက်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ ၈၀ ကျော်အထိ တိုးတက်လာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင် ၂၅ ရက်က ယင်းဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် စတော့ဈေးကွက်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အများပိုင်ကုမ္ပဏီများ တိုးချဲ့နေရာ ယခုနှစ် ဇွန်လအကုန်အထိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၈၀ ကျော်လာပြီ ဖြစ်သည့်အတွက် မူလပမာဏထက် ပုဂ္ဂလိကကုမ္ပဏီ ၆၀ ကျော် တိုးတက်လာခြင်း ဖြစ်သည်ဟု ယင်းက ဖြည့်စွက် ပြောသည်။


 မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှုနှင့် ပတ်သက်၍ နိုင်ငံသားများကိုသာ ခွင့်ပြုထားသော်လည်း နိုင်ငံခြားသား လုပ်ငန်းရှင်များအား တည်ဆောက်လုပ်ကိုင်ခွင့် မပေးထားကြောင်း၊ နိုင်ငံတကာ စီးပွားရေး အသက်ဝင်လာချိန်တွင် ပုဂ္ဂလိက အခန်းကဏ္ဍမှ များစွာ အရေးကြီးသည့်အတွက် ယင်းကုမ္ပဏီများ ပေါ်ပေါက်ရန် အစိုးရ၏ လမ်းညွှန်မှုဖြင့် ဖြေလျှော့ပေးမှုများအား တွန်းအားပေး လုပ်ဆောင်နေသည့်အတွက် အဆိုပါ အရေအတွက်အထိ တိုးတက်ခြင်းဖြစ်ကာ ထပ်မံ ဖြေလျှော့မှုများအား ပြုလုပ်ပေးမည်ဟု ဦးအောင်နိုင်ဦးက ဖြည့်စွက် ပြောဆိုသည်။

 လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ဂျပန်နိုင်ငံ ဒိုင်ဝါအဖွဲ့အစည်းနှင့် ပူးပေါင်းကာ ပြည်တွင်း အများပိုင်ကုမ္ပဏီများအား နည်းညာအကူအညီများ ပေးနေသည့်အပြင် ဥပဒေအပိုင်းတွင်လည်း ခိုင်မြဲမှုရှိရန်အတွက် ဝန်ကြီးဌာနမှ နှစ်စဉ်အစည်းအဝေးပွဲများ တွန်းအားပေး လုပ်ဆောင်ရန်နှင့် စာရင်းဇယားအပိုင်းအား စစ်ဆေးခြင်းများ ပြုလုပ်၍ အများပိုင်ကုမ္ပဏီနှင့်အညီ ဖြစ်လာစေရန် ကြပ်မတ် လုပ်ဆောင်နေသည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...