
“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း ဒါမျိုးနှစ်နေရာ သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း ဘယ်လောက်ထိ တိုင်ကြားမှာလည်း ဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။
ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန် အထိ လောင်းကစား လုပ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။
“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော် ပီကယ်ရုံ နားက လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန် လာတော့ လည်း အဲ့ဒီနားမှာလူတွေ စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ် တာလားလို့ မေး လိုက်မိတာ ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး ပြောတယ်”ဟု ကိုယ် တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
လာရှိုးမြို့တွင်ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင်လောင်းကစားမှုများမရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြခြင်းဖြစ်ကြောင်း တွေ့ရှိ သူ များက ပြောကြသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...