Pages

Thursday, July 18, 2013

မိတ္တီလာ အရေးပေါ်အခြေအနေ ဇူလိုင် ၂၀ တွင် ရုပ်သိမ်းမည်


မိတ္ထီလာတွင် အကြမ်းဖက်မီးရှို့မှုဖြစ်ပွားစဉ်က မိတ္တီလာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတုန်း သမ္မတက ဥပဒေကဲ့သို့ အာဏာတည်တဲ့ အရေးပေါ်အမိန့် ထုတ်ပြန်ထားတာကို လာမယ့် ဇူလိုင် ၂၀ ရက်နေ့မှာ ရုပ်သိမ်းမယ့်အကြောင်း ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ထားပြီး လွှတ်တော်ကလည်း ဇူလိုင် ၁၆ ရက်နေ့က မှတ်တမ်းတင်ထား လိုက်ပြီ ဖြစ် ပါတယ်။

 ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေဟာ ဥပဒေအရ သက်တမ်း ရက်ပေါင်း ၆၀ ကျင့်သုံးရမှာ ဖြစ်ပေမယ့် အခြေအနေ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူးဆိုပြီး မေ ၂၀ နဲ့ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ သမ္မတက နောက်ထပ်ရက်ပေါင်း ၆၀ သက်တမ်းတိုးပေးဖို့ လွှတ်တော်ကို တင်ပြပေးခဲ့ပြီး လွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

 အဲဒီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပေါ်ကာလအတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘာတွေလုပ်ကိုင်ဆောင်ရွက်ခဲ့တယ်ဆိုတာ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသင့်တယ် ဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေဆီ  ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။


From:DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...