Pages

Thursday, July 25, 2013

၂၅-၇-၂၀၁၃ ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး



ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့


မိသားစု(ပုဂ္ဂလိက)စည်းကမ်းတွေအောက်မှာ ပြားပြားမှောက်ပြီး မနိုင်နိုင်ဝင်းရဲ့ ဘယ်ဘက်(၀ဲဘက်) ခြေထောက်မှာ သံကြိုးတစ်ချောင်းနဲ့ ချည်နှောင် သော့ခတ်ခံထားရပြီး ကျန်တဲ့ သံကြိုးစတစ်ဖက်ကို မနိုင်နိုင်ဝင်းအိပ်တဲ့ ကုတင်မှာ ချည်နှောင်လျက် ဒီကနေ့ အထိ ချုပ်နှောင်ခံနေရဆဲပါ။

ဒီလို သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တစ်ကောင်လို မတရားသဖြင့် ချုပ်နှောင်တားဆီးခံထားရတယ်ဆိုတာ အချိန်ကာလ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကာယကံရှင်တွေကလွဲရင် ဘယ်သူမှအတိအကျမသိနိုင်ပါဘူး၊

ဒီမိန်းကလေးရဲ့ အမည်က မနိုင်နိုင်ဝင်း ဖြစ်ပြီး သူပွေ့ ချီထားတဲ့ ကလေးကတော့ သူ့မရဲ့ ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ အသက်(၂)လသား အရွယ်ရှိတဲ့(သားဦး) ယောင်္ကျားလေးပါ၊ မနိုင်နိုင်ဝင်းကို
သူ့ရဲ့ခင်ပွန်းယောင်္ကျားထံ ပြန်မသွားနိုင်အောင် မနိုင်နိုင်ဝင်းရဲ့ ဖခင်ဦးကူးမားဆံလားဆိုသူ ဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့ ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ အခုလို သံကြိုးတန်းလန်းနဲ့ ချည်နှောင်ထားတာပါဟု တာဝန်သိလုပ်သား ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်စန်းလွင်(ခ)ဦးကျော်စန်းလွင်ဦး
ဆိုသူမှ လူ့မဆန်စွာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချည်နှောင်ခံထားရသော မိခင်တစ်ဦးနှင့် လသားအရွယ်ကလေးငယ်အပါအ၀င် သားအမိ(၂)ဦးတို့ ၏ လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည့်တုန်လှုပ်ခြောက်ချားဘွယ်အဖြစ်ဆိုးအား ခါးစည်းခံနေရပုံကို သတင်းပေးပြောကြားခဲ့ပါသည်။

FROM-THIT HTOO LWIN

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...