Pages

Monday, July 22, 2013

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်တစ်ချို့မှ မြေကွက်ဝယ်ယူထားသူများ ကြွေးကျန်များ ပေးဆပ်ရန်လို

ရန်ကုန် ၊ ၂၂-၇-၂၀၁၃
ရန်ကုန်မြို့တော် ရှိ စက်မှုဇုန် တစ်ချို့တွင် မြေကွက် ၀ယ်ယူထားပြီး ဖြစ်သော်လည်း ပေးဆပ်ရန် ကြွေးကျန်ရှိ နေသူများ အနေဖြင့် ဇူလိုင်လ ၃၁ ရက်နောက်ဆုံး ထားကာ ကြွေးကျန်များကို ပေးသွင်းကြရန် သက်ဆိုင်ရာ မှ နှိုးဆော် ထားကြောင်း သိရသည်။ သတ်မှတ်ရက် ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်၌ ပေးသွင်းခြင်း မရှိသည့် မြေကွက် ပိုင်ရှင် များသည် မြေကွက် ၀ယ်ယူခွင့် ပျက်ပြယ် သွားမည် ဖြစ်ပြီး ကနဦး ပေးသွင်း ထားသည့် ငွေများကိုမူ ပြန်လည် ထုတ်ယူ နိုင်ကြောင်း သိရသည်။


အဆိုပါ ကြွေးကျန်ရှိ နေသော စက်မှုဇုန် များမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်ရှိ ၀ါးတစ်ရာ စက်မှုဇုန် ၊ မှော်ဘီ မြို့နယ်ရှိ မြောင်းတကာ စက်မှုဇုန် ၊ သန်လျင် မြို့နယ်ရှိ သီလ၀ါ စက်မှုဇုန် ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ရှိ စက်မှုဇုန် အပိုင်း(၁) ၊ ဒဂုံ (အရှေ့ပိုင်း) မြို့နယ် ရှိ စက်မှုဇုန် အပိုင်း(၁) နှင့် ဒဂုံ (တောင်ပိုင်း) မြို့နယ်ရှိ ကျန်စစ်သား ရိပ်မွန် အပိုင်း(၁) တို့မှ မြေကွက် အချို့ ဖြစ်ပြီး ၄င်းတို့ကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ရောင်းချ ပေးခဲ့သော မြေကွက်များ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြို့နယ်များရှိ စက်မှုဇုန်များ ၏ မြေဈေးများမှာ မြင့်တက်လျက် ရှိပြီး ရန်ကုန်မြို့တော် ရှိ စက်မှုဇုန် များ၏ တစ်ဧက ပေါက်ဈေးမှာ ငွေကျပ် သိန်း ၁၅၀၀ မှ ငွေကျပ် သိန်း ၁၀၀၀၀ အထိ ရှိနေကြောင်း သိရသည်။ ရွှေပြည်သာ စက်မှုဇုန် တွင် တစ်ဧက ငွေကျပ် သိန်း ၁၅၀၀ နှင့် သိန်း ၂၀၀၀ ၀န်းကျင် ၊ မင်္ဂလာဒုံ စက်မှုဇုန် တွင် ငွေကျပ် သိန်း ၂၀၀၀ နှင့် သိန်း ၂၅၀၀ ၀န်းကျင် ၊ ဒဂုံ ဆိပ်ကမ်း နှင့် ဒဂုံ အရှေ့ စက်မှုဇုန် တွင် ငွေကျပ် သိန်း ၂၀၀၀ ၀န်းကျင် နှင့် လှိုင်သာယာ စက်မှုဇုန် တွင် ငွေကျပ် သိန်း ၅၀၀၀ နှင့် ၁၀၀၀၀ အကြားတွင် ဈေးပေါက် နေကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...