Pages

Monday, July 8, 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း

ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီးတွင် ယနေ့နံနက်က (အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက် ကွဲမှုများဖြစ် ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါ တယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီး Abhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေ အနှစ်ဒေ သဖြစ်သောဗုဒ္ဓဂယာဝင်းအတွင်း ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေး အမွေအနှစ်နေ ရာများကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်း ဖက် မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဆိုသည်ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေ သခံ ရဲအရာရှိ Bharadwaj က ပြောသည်။

From:ရဲရင့်ငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...