Pages

Tuesday, July 23, 2013

ဗုဒ္ဓဂါယာကို ဗုံးနှင့်တိုက်ခိုက်၍ ကော့စ်ဘဇားတွင် ဘာသာကြီး သုံးရပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခေါ် ဖလောင်းချိတ် ခရိုင်မြို့တွင် ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင် များက လက်ချင်းချိတ်ပြီး အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာအား ဗုံးခွဲတိုက်ခိုက်မူကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

၎င်းဆန္ဒုပြပွဲအား ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ညီညွှတ်ရေး အဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ယမန်နေ့ ( တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ကော့စ်ဘဇားမြို့ ခရိုင် ကောင်စီ ရုံးရှေ့ တွင် ပြု လုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂါယာရှိ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ မဟာဗေါဓိနှင့် တစ်ခြား   နေရာ နှစ်ခုအား ဗုံးခွဲတိုက်ခိုက်မူကို မိမိတို့ ရှုတ်ချကြောင်း၊ သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အနေဖြင့် အမြန်ဆုံး တရားခံများအား ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ တရားခံများကို ဖမ်းဆီးရရှိရေး ကူညီရန်   တောင်းဆိုကြောင်း စသဖြင့် ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။

ဆန္ဒပြပွဲသို့ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်သိန်း၊ ဒေါက်တာ မယဉ်နုနှင့် ရခိုင်အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။

From:www.narinjara.com

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...