ရန်ကုန် ၊ ၂၀-၇-၂၀၁၃
မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သည် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်း သဘောတူ စာချုပ်အရ ဇွန်လ ၃၀ ရက်အထိ ကြွေးကျန်ရှိ ငွေမှာ ငွေကျပ် သိန်းပေါင်း ၂၈၀၀၀၀ ကျော်ရှိရာမှ ငွေကျပ်သိန်းပေါင်း ၈၁၀၂၀ ကို ပေးဆပ်ရန် ကြွေးကျန်သူ ဦးရေ ၄၃ ဦးကို သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ယင်းသို့ အစိုးရ ဌာနသို့ ပေးသွင်းရန် ကြွေးကျန်ငွေကျပ် သိန်း ၂၈၆၀၄၀ ရှိရာတွင် ပထမ ထုတ်ပြန် သတိပေးသော လူပုဂ္ဂိုလ်မှာ ၄၃ ဦးဖြစ်ပြီး ကျန်ရှိသော ကြွေးကျန် ပုဂ္ဂိုလ်များကို လည်း ထပ်မံ ကြေညာချက် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ထုတ်ပြန် လိုက်သော လူပုဂ္ဂိုလ် ၄၃ ဦးသည် မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သို့ပေးရန် ငွေကျပ် သိန်းပေါင်း ၈၁၀၂၀ ကျော် ရှိပြီး အဆိုပါ ကြွေးကျန် ငွေများကို ယခုနှစ် သြဂုတ်လ ၁၅ ရက်တွင် အပြီး ပေးဆောင် ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်အရ သိရသည်။
ထိုကြွေးကျန်များ ပေးဆပ်ရန် မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ အကြံပြုချက် တောင်းခံပြီး ဖြစ်၍ သတ်မှတ် ပုံစံများ အတိုင်း အကြွေး ပေးဆပ်ရန် ကျန်ရှိသော ပုဂ္ဂိုလ်များ အနက် ၄၃ ဦး ကို ဇူလိုင်လ ၁၇ ရက်က Legal Notice စာများ ပေးပြီး ဖြစ်ကြောင်း သိရသည်။ ကြွေးကျန် ပေးသွင်းရန် ပျက်ကွက်သူများ ကျန်ရှိ နေပါက စာချုပ်ပါ စည်းကမ်းများ ဖောက်ဖျက်သည့် အတွက် တည်ဆဲ ဥပဒေများ အရ တရားစွဲဆို သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစိုးရ ၀န်ကြီးဌာန များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကြားတွင် နှစ်စဉ် ပေးသွင်းရန် ကျန်ရှိခြင်း ၊ ရွှေပေးသွင်းရန် ကျန်ရှိခြင်းများ ဖြစ်ပေါ်နေပြီး နှစ်စဉ် ကြေညာချက် များ ထုတ်ပြန် တောင်းဆို နေရကြောင်း သတင်း အချက်အလက် များအရ သိရှိရသည်။
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...