Pages

Wednesday, July 24, 2013

မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာမည့် ဂျပန်သယ်ယူပို့ဆောင်ရေးလုပ်ငန်း


ရန်ကုန် ၊ ၂၄-၇-၂၀၁၃
မြန်မာပြည်တွင် ပြည်ပ ရင်းနှီးမြှပ်နှံမှု များဝင်ရောက် လာသည်နှင့် အမျှ ဂျပန်စီးပွားရေး လုပ်ငန်းရှင် များလည်း ၀င်ရောက်ခဲ့ရာ ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဖြစ်သော Toyo Logistics ကုမ္ပဏီ သည်လည်း စတင် ၀င်ရောက်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Toyo Logistics ကုမ္ပဏီမှ ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်ပြီး စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင် ထားသည်။ Toyo Logistics မှ လုပ်ငန်း ကိစ္စရပ်များ စီမံခန့်ခွဲ သွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန် ယာယီ ဖွဲ့စည်း မှတ်ပုံတင်ခွင့် ကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် အခြား ဂျပန် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဖြစ်သော Nippon Express မှလည်း လုပ်ငန်းများ ဆောင်ရွက် နေကြောင်း ၊ Toyo Logistics ကုမ္ပဏီမှ လုပ်ဆောင်မည့် လုပ်ငန်း များသည် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး ၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ၊ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး နှင့် ကုန်ပစ္စည်း သိုလှောင် ဖြန့်ချရေး လုပ်ငန်းများကို အဓိက လုပ်ဆောင် သွားမည့်အပြင် အိမ်ခြံမြေ စီမံကိန်း များတွင် ၀န်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...