Pages

Saturday, July 6, 2013

ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား

လွှတ်တော်တွင် ဆွေးနွေးနေသော အချိန်ဖြစ်ပြီး ဥပဒေသစ်အား အတည်ပြုပြီးပါက ဗဟိုဘဏ်အနေဖြင့် သီးခြားရပ်တည် နိုင်တော့မည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး
အတက်အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

''အခုရက်ပိုင်းမှာ ဇူလိုင် ၁ ရက်ကစ ပြီးတော့ ဗဟိုဘဏ် ဥပဒေသစ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေပါပြီ။ ဥပဒေထွက်လာရင် ဗဟိုဘဏ်က သီးခြားရပ်တည် နိုင်တော့မှာပါ။ ဒါပေမဲ့ ဒီလိုဗဟိုဘဏ် သီးခြား ဖြစ်သွား တာနဲ့တော့ ဒေါ်လာဈေး အတက်အကျပေါ်မှာပတ်သက်မှု မရှိပါဘူး။ ဒေါ်လာဈေးအတက်အကျက Market Base ဖြစ်နေတဲ့အတွက် နိုင်ငံတကာ ဈေးကွက်အပေါ်မှာပဲ မူတည်မှာပါ'' ဟု ဗဟိုဘဏ်၏ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက သတင်းမီဒီယာ တစ်ခုမှ ဖော်ပြခဲ့သော Exchange rate အား မထိန်းနိုင်သည့် အတွက် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူး သုံးယောက်အား အရေးယူလိုက်သည် ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ် ၏ လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတက်ကြွ မြန်ဆန်စေရန် အတွက် ညွှန်ကြားရေးမှူး သုံးဦးအား Policy maker အနေဖြင့် ထပ်မံခန့်အပ် လိုက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ဈေး ပေါက်နေကြောင်း ဇူလိုင်လ ၅ ရက် သိမ်ဖြူငွေလဲနှုန်းမှာ ၀ယ်ဈေး ၉၇၂ ကျပ်နှင့် ရောင်းဈေး ၉၈၂ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...