လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူတွေ ကျေနပ်အောင် ဆောင်
ရွက်မပေးဘူးဆိုရင် လွှတ်တော်ထံ တင်ပြသွားမယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်
သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒအတိုင်း ထပ်မံတင်ပြသွားဖို့ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဖြေကြား
ပါတယ်။
"ကျမတို့ကတော့ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ ဒေသခံအနေနဲ့ရော၊ ဒီအဆိုကိုတင်သွင်းရတဲ့ အဆိုရှင်တစ်ယောက်အနေနဲ့
ရော ဒီကနေ့အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ဆောင်ရွက်ချက်ကို ကျမတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အနေအထားရှိပါတယ်၊
ပြည်သူလူထုက တကယ်တမ်း ဒီဟာအပေါ်မှာ မကျေနပ်ဘူး၊ လက်မခံဘူး၊ ကျမတို့ရဲ့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာရဲ့အပေါ်မှာ အစီရင်ခံစာအ
တိုင်း မဆောင်ရွက်ဘူးဆိုရင်တော့ ကျမက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်ထဲမှာ ထပ်မံပြီးတင်ပြရမှာဖြစ်သလို ပြည်
သူ့ရဲ့ဆန္ဒ၊ ပြည်သူ့ရဲ့အသံကို ထပ်မံပြောကြားရဦးမှာဖြစ်ပါတယ်"
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီအနေနဲ့လည်း အစီရင်
ခံစာပါအတိုင်း လိုက်နာဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့လည်း မိမိတို့လိုအပ်ချက်တွေရှိရင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ လက်ပံတောင်း
တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်တဲ့ အချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့်ကော်မတီထံ တောင်းဆိုသင့်
တယ်လို့လည်း ပြောပါတယ်။
RFA Burmese
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...