ကွန်ပျူတာ စခရင်ကို ကြည့်ရှုပြီး အသုံးပြု အလုပ်လုပ်နေရတဲ့ သူများ အတွက်မိမိတို့  မျက်လုံးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေရှည် အသုံးပြုရမှာ ဖြစ်တဲ့ အတွက် တန်ဖိုးရှိလှတဲ့ မိမိမျက်လုံးကို ကျန်းမာဖို့လေ့ကျင့်ခန်း လေး လုပ်ပေးသင့်ပါတယ်။ ထို့ အတူ မျက်လုံးကို ဂရုစိုက်ရမည့် နည်းလမ်းလေးကိုမိတ်ဆွေများအတွက် မျှဝေချင်ပါတယ်။
ဒါလေးတွေကတော့ ၂၀-၂၀-၂၀ တဲ့..။
ဘော်ဒီအချိုးအစားကို ပြောတာမဟုတ်ပါဘူး။မျက်လုံးကို ဂရုစိုက်ဖို့ အတွက် ပြုလုပ်သင့်တဲ့ အဆင့်လေးတွေ ကို မှတ်မိလွယ်အောင်ပြောပြတာပါ။
ပထမဆုံး အဆင့်
ကွန်ပျူတာကို ကြည့်တဲ့ မိနစ်၂၀ ခန့် ကြာတိုင်း မိမိ ခေါင်းကိုလှည့်ပြီး အနည်းဆုံး ပေ၂၀ အကွာအဝေးရှိတဲ့ နေရာက တခြားအရာဝတ္တု တစ်ခုခုကို ကြည့်ပေးရပါမယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ မိမိ မျက်လုံးရဲ့ စူးစိုက်နေ ရမှု အတွက်တင်နေတဲ့ အာရုံကြောကို ပြေလျောစေပြီ ပင်ပန်းညောင်းညာမှုကို သက်သာစေမှာ ဖြစ်ပါ တယ်။
ဒုတိယ အဆင့်
မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက် အကြိမ် ၂၀ ခန့် လုပ်ပေးပါ ။ ဒီလို လုပ်ပေးခြင်းက မျက်လုံးထဲရှိမျက်လုံးအိမ် ခြောက်သွေ့ မှု ကို လျော့စေပြီး မျက်လုံးကို အရည်စိုစေမှာ ဖြစ်ပါတယ်။ ထို့ အတွက်မျက်လုံး ကိုက်ခဲခြင်းကို ကာကွယ်ပေးမှာပါ။
တတိယ အဆင့်
အချိန်ကို သတိပြုဖို့ လိုပါတယ် ။ ကွန်ပျူတာကို အသုံးပြုတာ အချိန်ကြာလွန်းနေပြီဆိုရင် မိနစ်၂၀ လောက် ထသွား ထလာ ပြုလုပ်ပေးသင့်ပါတယ်။ တစ်ခုခုကို ထယူခြင်း ၊ ဒါမှမဟုတ် ရေထသောက်ခြင်းစတဲ့ လှုပ်ရှား မှုတွေ ပြုလုပ်ပေးရန်လိုပြီး ထိုသို့ ပြုလုပ်ပေးခြင်းက မိမိ ခန္တာကိုယ်ရှိ သွေးလည်ပတ်မှုကိုကောင်း မွန်စေမှာ ဖြစ်ပါတယ်။
ကွန်ပျူတာ သုံးတဲ့အချိန်တိုင်း အထက်ပါအဆင့်လေးများကို သတိထားပြီး လုပ်ဆောင်သွားသင့်ပါတယ်။
ကြာကြာဝါးမည့် သွား အရိုးကြည့်ရှောင် ဆိုသလို မိမိတို့  ရေရှည် အသုံးပြုကြရမည့် မျက်လုံးအတွက် ဂရု စိုက်ပေးဖို့ လိုပါတယ်။
လူ့ ခန္တာကိုယ်ထဲက တန်ဖိုးရှိတဲ့ အင်္ဂါ အစိတ်အပိုင်းဆိုရင်လည်း မမှားနိုင်တာမို့ ကွန်ပျူတာ အသုံးပြု နေကြ တဲ့သူတိုင်း သိရှိရမှာ ဖြစ်ပါတယ်။
Ref:Health Tips
Freddy ( MM Social Sky )
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...