ဇူလိုင် ၁၆ ရက်က ရန်ကင်း ကလေးဆေးရုံကြီးတွင် ပထမအဆင့် ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် မွေးရာပါ ခြေထောက်လေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှုကို တစ်လခန့် အကြာတွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပထမအဆင့် ခွဲစိတ်ကုသရာ၌ ကလေးငယ်တွင် ပိုနေသည့် ခြေထောက်များကို ဖယ်ရှားခဲ့ကြောင်း၊ ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ဒုတိယအဆင့် ပြုလုပ်နိုင်ရန် ကလေးငယ်၏ ကျန်းမာရေး အခြေအနေကို လက်ရှိ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။''အခုလုပ်ခဲ့တာ Major Operation ဖြစ်ပြီး သွေးကြောတွေ အားလုံးလွတ်အောင် ခွဲစိတ်ရတဲ့အတွက် ခက်ခဲပါတယ်။ ပထမ အဆင့်မှာတော့ ပိုနေတဲ့ ခြေထောက်တွေကို ဖယ်ထုတ်ရတဲ့ အတွက် အရိုးအပိုင်းက အဓိကပေါ့။ နောက်လုပ်မယ့် ဒုတိယ အဆင့်မှာတော့ အခုဖယ်ထုတ်လိုက်လို့ လစ်ဟာနေတဲ့ အပိုင်းမှာ Plastic Surgery နည်းနဲ့ ပြန်ပြုပြင် ပေးသွားမှာပါ။ နောက် လမ်းလျှောက်နိုင်အောင် အရိုးတွေကို Position ချပေးသွားမှာပါ'' ဟု ရန်ကင်းကလေး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ဆိုသည်။
သုံးလခွဲအရွယ် မွေးရာပါ ခြေထောက်လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ရှိ ကျေးရွာတစ်ရွာတွင် အဖ ဦးခွန်စံဒွေး အမိ ဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။
Photo: ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ပထမအဆင့် ခွဲစိတ်မှုအပြီး၌ တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီဖောင်ဒေးရှင်း)
Eleven

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...